Kir for Carribean

Kir for Carribean

          ပထမဆုံးကော့တေးလ်လေးကိုတော့ ပေါ့ပေါ့ပါးပါး လူငယ် ကြိုက်စတိုင်လ်တစ်မျိုးနဲ့ စဖွင့်ပေးပါရစေ။ သူကတော့ Beer နဲ့ လုပ်ထားတဲ့ ကော့တေးလ်လေးပါ။ Beer ရဲ့ Malted အရသာကို Blackcurrant အရသာချိုချိုလေးနဲ့ ပေါင်းစပ်ထားပြီး Rum အနည်းငယ်ပါဝင်လို့ အရမ်းလည်းမပျော့၊ ပြင်းလည်းမပြင်းတဲ့ အနေတော်အရသာလေးပါပဲ။

   လိုအပ်တဲ့ ပစ္စည်းအမည်တွေကတော့ –

♦   Blackcurrant Syrup   –   30 ml

♦   Rum   –    20 ml

♦   Beer    –   top up

♦   Lime Juice   –    5 ml (တစ်စိတ်ခန့်)

   ပြုလုပ်နည်း

          ပထမဦးစွာ ပုံထဲကအတိုင်း ရှန်ပိန်ခွက်ကလေးတစ်လုံးကို ယူလိုက်ပါ။ ပြီးလျှင် Blackcurrant Syrup ကို 30 ml ခန့် ချိန်တွယ်ထည့်လိုက်ပါ။ Blackcurrant Syrup ကိုတော့  City Mart  တွေမှာ ဈေးသက်သက်သာသာနဲ့ အလွယ်တကူ ဝယ်ယူလို့ ရပါတယ်။ ပြီးလျှင် မိမိကြိုက်နှစ်သက်ရာ Rum ကို သူ့အချိုးအစား အတိုင်းထည့်ပါ။ ပြီးလျှင် သံပရာရည်လေး အနည်းငယ်ထည့်ပြီး  နောက်ဆုံးအနေနဲ့ Beer အေးအေးလေးကို အပေါ်မှာ ဖြည်းညင်းစွာလောင်းထည့်ပြီးပါက အသင့်သုံးဆောင်လို့ရပါပြီ။ အိမ်မှာပဲဖြစ်ဖြစ်၊ Outing ထွက်ရင်ပဲဖြစ်ဖြစ် အလွယ်တကူနဲ့ ပေါ့ပေါ့ပါးပါး ဖျော်သောက်လို့ကောင်းတဲ့ ကော့တေးလ်လေးဖြစ်လို့ လူငယ်အများစုအတွက် Party Cocktail လေးအဖြစ် ဖော်ပြပေးလိုက်ပါတယ်နော်။

♦   Pyone   ♦

Facebook Comments