Japanese Green Tea Cupcake (ဂျပန်ဂရင်းတီး ကပ်ကိတ်)

by Dexter Bistro for Food Magazine

          ဂျပန်လူမျိုးတွေရဲ့ အစာကို စားဖူးသူတိုင်းသိမှာပါ။ သူတို့လူမျိုးတွေက Healthy နဲ့ Diet Version ၂ မျိုးကို အမြဲတွဲသုံးပြီး ချက်စားတတ်ကြတယ်။ သူတို့ရဲ့ အချိုပွဲတွေမှာလည်း အလှကိုသာ ဦးစားပေးပြီး အရသာမှာ ရိုးရိုး ရှင်းရှင်းလေးနဲ့ အဆီအဆိမ့်ကို ရှောင်ကြဉ်ကြပါတယ်။ ဒီဂျပန်ကပ်ကိတ်ဗားရှင်းကို လုပ်ကြည့်ပါ။ ကျွန်တော်ဆိုရင် ၆ ခုကို တစ်ထိုင်တည်းနဲ့ ကုန်တာ။

လိုအပ်သောပစ္စည်းများ

ကြက်ဥ (အလုံးကြီး)  –  ၃ လုံး (အခန်းအပူချိန်)

သကြားဖြူ ရိုးရိုး  –  ၁ ခွက်

ပျားရည်  –  စားပွဲဇွန်း ၁ ဇွန်း

ဂျုံမှုန့်ရိုးရိုး  –  ၃/၄ ခွက်

ဘေကင်ပေါင်ဒါ ပွဆေး  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

မက်ချဂရင်းတီး ပေါင်ဒါမှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

သောက်ရေသန့်  –  ၁/၄ ခွက်

ဂရင်းတီး ပေါင်ဒါမှုန့်  –  အနည်းငယ် (ကပ်ကိတ်ပေါ် ဖြူးရန်)

သကြားဖြူပေါင်ဒါမှုန့်  –  အနည်းငယ် (ကပ်ကိတ်ပေါ် ဖြူးရန်)

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကြက်ဥ ၃ လုံးကို အိုးကြီးတစ်အိုးထဲ ခေါက်ထည့်ပြီး လျှပ်စစ်လက်မွှေတံ (Electric Hand Mixer) နဲ့ Medium Speed မှာ ထားပြီး ၇ မိနစ်ခန့် ကြက်ဥ ၃ ဆ ပွလာသည်အထိ မွှေပေးပါ။

၂။       သကြားဖြူရိုးရိုးကို လောင်းထည့်ပြီး စက္ကန့် ၃၀ မွှေပေးကာ ပျားရည်ကို ထည့်ပြီး နောက်ထပ် စက္ကန့် ၃၀ မွှေပေးပါ။

၃။       ဂျုံမှုန့်နှင့် ဘေကင်ပေါင်ဒါပွဆေးကို သမအောင်ရောနှောပြီး ကြက်ဥ၊ သကြားဖြူ အရောအနှောအိုးထဲ ဖြည်းဖြည်းချင်း လောင်းထည့်ကာ သမအောင်မွှေပေးပါ။

၎။       မက်ချဂရင်းတီး ပေါင်ဒါမှုန့်ကို လောင်းထည့်ပြီး ဇွန်းကြီးတစ်ချောင်းနဲ့ သမအောင် မွှေပေးပါ။ (လျှပ်စစ်လက်မွှေတံ သုံးစရာမလိုတော့ပါ။)

၅။       မုန့်နှစ်ရည်ဟာ ပျစ်ပြီး အစိမ်းရင့်ရောင်သန်းလာရင် သောက်ရေသန့်ကို ရောထည့်ပြီး ဇွန်းနဲ့ သမအောင် ရောမွှေပေးပါ။

၆။       မုန့်နှစ်ရည်ကို ထောပတ်သုတ်လိမ်းထားတဲ့ (သို့) ကပ်ကိတ်စက္ကူခွက် ထည့်ထားတဲ့ ဃကစခေုန ဏညေ ထဲ လေးပုံသုံးပုံလောက် ပြည့်သည်အထိ လောင်းထည့်ပေးပါ။

၇။       အာဗင်ကို 350˚ F (180˚F) ကြိုအပူပေးပြီး မုန့်ဗန်းကို ၁၂ မိနစ် ဖုတ်ပေးပါ။

၈။       တုတ်တံချောင်းလေးနှင့် မုန့်သားအလယ်ကို ထိုးစိုက်ပြီး အထုတ်မှာ မုန့်သားကပ်မပါလာရင် မုန့်ဗန်းကို အာဗင်က ထုတ်ပြီး အအေးခံကာ သကြားဖြူပေါင်ဒါမှုန့်ကို ကြိုက်နှစ်သက်သလောက် ကပ်ကိတ်တွေပေါ် ဖြူးပေးပြီး စားသုံးနိုင်ပါပြီ။

www.facebook.com/Dexter Ng

Facebook Comments