Honolulu Cupcake (ဟိုနိုလူလူ ကပ်ကိတ်)

by Dexter Bistro for Food Magazine

ပါဝင်ပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး  –  ၁  ၁/၂ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၂  ၁/၂  ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

သကြားဖြူရိုးရိုး  –  ၁ ခွက်

ကြက်ဥ (အလုံးကြီး)  –  ၂ လုံး (အခန်းအပူချိန်)

လီမွန်အနံ့ရည် (Lemon Extract)  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဟင်းရွက်ဆီ  –  ၃/၄ ခွက်

နွားနို့  –  ၂/၃ ခွက်

နာနတ်သီးစိတ် (၁  ၁/၂” အကျယ်)  –  ၁၂ စိတ်

ကီဝီသီးချပ်  –  ၁၂ ချပ်

ချယ်ရီသီး  –  ၁၂ လုံး

(ရေခဲမုန့်ပေါ် အလှဆင်ရန်) ပြုလုပ်နည်း

၁။       အိုးတစ်အိုးထဲ ဂျုံမှုန့်၊ ဘေကင်ပေါင်ဒါပွဆေးနှင့် ဆားတို့ကို ရောထည့်ပြီး သမအောင် မွှေပါ။

၂။       နောက်အိုးတစ်အိုးထဲ သကြားဖြူနှင့် ကြက်ဥကို ရောထည့်ပြီး လျှပ်စစ်လက်မွှေတံနဲ့ ၄ မိနစ်ခန့် မွှေပါ။

၃။       လီမွန်အနံ့ရည်နှင့် ဟင်းရွက်ဆီကို ရောထည့်ပြီး သမအောင် မွှေပါ။

၎။       ဂျုံမှုန့်အရောအနှောနှင့် နွားနို့ကို ရောထည့်ပြီး သမအောင်မွှေပါ။ (မှတ်ချက်- Over Mix မလုပ်ရပါ)

၅။       မုန့်နှစ်ရည်ကို ကပ်ကိတ်စက္ကူခွက် ခင်းထည့်ထားတဲ့ ကပ်ကိတ်ပန်ထဲ ၃/၄ ပုံ ပြည့်ရုံသာ ထည့်ပါ။ (ကပ်ကိတ် ၁၂ ခု ရပါမယ်)

၆။       နာနတ်သီး ၁ စိတ်၊ ကီဝီသီး ၁ ချပ်နှင့် ချယ်ရီသီး ၁ လုံးစီကို ကပ်ကိတ်ခွက်တိုင်းရဲ့ မုန့်နှစ်ရည်အပေါ်  အစီအရီထည့်ပါ။

၇။       Oven ကို 350˚F (180˚C) ကြိုအပူပေးပြီး မုန့်ဗန်းကို ၁၈ မိနစ် (သို့) မိနစ် ၂၀ ခန့် ဖုတ်ပါ။

၈။       တုတ်တံချောင်းသေးတစ်ချောင်းနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ကြည့်ပြီး အထုတ်မှာ မုန့်သားကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်က ထုတ်ပြီး အအေးခံကာ အဆင်သင့် စားသုံးနိုင်ပါပြီ။

Facebook Comments