Honey Mango Cupcake (Eggless) သရက်သီးပျားရည်ကပ်ကိတ် (ကြက်ဥမပါ)

by Dexter’s Bistro for Food Magazine

          စိန်တလုံးသရက်သီးနဲ့ ဆိုဒီသရက်သီးကပ်ကိတ်လေးတော့ နာမည်ကျော်ဦးမယ်။ လုံးဝကြက်ဥမသုံးဘဲ ဆီလေးနဲ့လုပ်ထားတဲ့ ဒီကပ်ကိတ်လေးရဲ့ ထူးခြားချက်က ပျားရည်လေးနဲ့ လုပ်ထားလို့ပါပဲ။ မွမွလေးနဲ့ အရသာကို ဘယ်လိုပြောရမလဲဆိုတော့ ကိုယ်တွေ့စားကြည့်မှ သိမှာ အမှန်ပါ။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး  –  ၁  ၁/၂ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဘေကင်ဆော်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

သရက်သီး (အတုံးသေး)  –  ၁  ၁/၂ ခွက် (Blender ထဲ ထည့်ကြိတ်ထားပါ)

ပျားရည်စစ်စစ်  –  ၁/၃ ခွက်

Canola Oil  –  ၁/၃ ခွက်

သရက်သီးအနံ့ရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       အိုးတစ်အိုးထဲ ဂျုံမှုန့်၊ ဘေကင်ပေါင်ဒါပွဆေး၊ ဘေကင်ဆော်ဒါပွဆေးနှင့် ဆားတို့ကို ရောထည့်၍ သမအောင်မွှေပြီး ဆန်ခါစစ်ချပါ။

၂။       နောက်အိုးကြီးတစ်အိုးထဲ Blender ထဲမှာ ထည့်ကြိတ်ထားတဲ့ သရက်သီးအနှစ်၊ ပျားရည်၊ Canola နှင့် သရက်သီးအနံ့ရည်တို့ကို ရောထည့်ပြီး လျှပ်စစ်လက်မွှေတံနဲ့ သမအောင် မွှေပါ။

၃။       ဂျုံမှုန့်အရောအနှောကို လောင်းထည့်ပြီး သမအောင် မွှေပါ။ (Over Mix မလုပ်ရပါ။)

၎။       အရောအနှောကို ကပ်ကိတ်စက္ကူခွက် ခင်းထည့်ထားတဲ့ ကပ်ကိတ်ဗန်းထဲ ၃/၄ ပြည့်ရုံ အညီအမျှ ဖြည့်ထည့်ပါ။ (ကပ်ကိတ် ၁၂-၁၄ ခွက် ရပါမယ်။)

၅။       အာဗင်ကို 375˚F (190˚C) ချိန်၍ ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကိုထည့်၍ ၁၈-၂၀ မိနစ်ခန့် ဖုတ်ပါ။

၆။       မုန့်သားမျက်နှာပြင် အညိုရောင်သန်းလာလျှင် တုတ်တံချောင်းသေးနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ကြည့်ပြီးအထုတ်မှာ မုန့်သားကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်က ထုတ်ပြီး အအေးခံကာ အဆင်သင့်သုံးဆောင်နိုင်ပါပြီ။

Facebook Comments