Honey Ginger Lemon Hot Brewed Coffee

          ယခုလ မိုးရာသီဖြစ်ပြီး ဖျားနာကြတဲ့လူတွေ တော်တော်များများတွေ့ရတာကြောင့် နှာစေးချောင်းဆိုး အအေးမိရင် သောက်လို့ကောင်းမယ့် ကော်ဖီတစ်ခွက်ကို ဖန်တီးဖို့ စိတ်ကူးရခဲ့ပါတယ်။ အမည်ကတော့ Honey “Ginger Lemon Hot Brewed Coffee” ပါ။ ဒီနေရာမှာ Brewed Coffee လို့ပြောထားတဲ့အလျောက် ကော်ဖီကိုတော့ အက်စပရပ် စိုစက်နဲ့ဖျော်ဖျော်၊ အိမ်သုံး သို့မဟုတ် လက်ဖျော်စက်နဲ့ပဲချချရလာမယ့် ကော်ဖီစစ်စစ်ကို အသုံး ပြုနိုင်ပါတယ်။

          ပါဝင်ပစ္စည်းများကတော့ အအေးမိနေတာ သက်သာစေဖို့ ချင်းနဲ့ သံပရာသီးတို့ကို သဘာဝပျားရည်စစ်စစ် နဲ့တွဲဖက်ပြီး ကော်ဖီပူပူလေးနဲ့ တွဲဖက်ရောစပ်မှာပါ။

ချင်းနဲ့ သံပရာသီးတွဲဖက်ခြင်းဟာ လူ့ခန္ဓာကိုယ်တွင်း ကိုယ်ခံအားပိုတိုးစေတယ်လို့ ဆေးပညာအရဆိုထားတာ အထောက်အထား တော်တော်များများ တွေ့နိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ အားလုံးပေါင်းစပ်ပြီး ကော်ဖီပူပူ စစ်စစ်လေးနဲ့ ရောသောက်လိုက်ရင်တော့ လန်းဆန်းပြီး ဝေဒနာကို သက်သာစေနိုင်ပါတယ်။ “Have a Great Coffee Day!” ပါ ခင်ဗျာ။

Honey Ginger Lemon Hot Brewed Coffee

   ပါဝင်ပစ္စည်းများ

♦   Honey   –   2 to 3 teaspoons

♦   Ginger   –   20g diced

♦   Lime / Lemon Juice   –   0.25 oz

♦   Espresso or Brewed Coffee   –   2 shots or 6 oz

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      ဦးစွာသောက်မည့်ခွက်ထဲသို့ ချင်းကို အရင်ထည့်ပြီး ပွက်ပွက်ဆူသောရေနွေး ၄ အောင်စ လောင်း ထည့်လိုက်ပါ။

၂။      ပျားရည်နှင့်ညှစ်ထားသော သံပရာရည်တို့ကို ထည့်ပြီး မွှေလိုက်ပါ။

၃။      အက်စပရပ်စို ကော်ဖီကို  အပေါ်ဆုံးမှထည့်၍ သံပရာကွင်းလေးနှင့် အလှဆင်လိုက်ပါ။

မှတ်ချက် –     အက်စပရပ်စိုကော်ဖီအစား ဘလက်ကော်ဖီသုံးမယ်ဆိုရင်တော့ ဘလက်ကော်ဖီ  ၆ အောင်စ ထည့်သုံးနိုင်ပါတယ်။

စာရေးသူ

ကိုဇော်ဘုန်း

Head of Element Coffee Academy (ECA)

facebook.com/elementMyanmar

facebook.com/ElementCoffeeAcademy

၁၀၇ (က)၊ ဓမ္မစေတီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

Ph: 01-524935, 511118

Facebook Comments