Hokkaido Cupcake

by EVY’s Kitchen for Food Magazine

          Hokkaido Cupcake ကတော့ ကိတ်ပေါ်မှာ ခရင်မ်တင်တာမဟုတ်ဘဲ ကိတ်သားထဲမှာ ထည့်ထားတာပါ။ ခရင်မ်ကလည်း အချိုမကဲဘဲ နို့အရသာနဲ့ဆိမ့်ပြီး ကိတ်သားနဲ့ ရောနေတာကြောင့် ပိုပြီးစားကောင်းပါတယ်။ အချိန်တိုအတွင်းမှာ လုပ်စားနိုင်ပြီး လွယ်လည်း လွယ်ကူပါတယ်။

ပါဝင်ပစ္စည်းများ (Cupcake ၉ လုံးစာ)

အစု (၁)

ကြက်ဥအနှစ်  –  ၂ လုံး

သကြား  –  ၁၅ ဂရမ်

ဂျုံ  –  ၄၅ ဂရမ်

ဆီ  –  ၃ဝ ဂရမ်

ဗနီလာအနံ့  –  အနည်းငယ်

 နွားနို့  –  ၃၅ ဂရမ်

ဆွမ်းမွှေးအနှစ်အနံ့  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

အစု (၂)

ကြက်ဥအကာ  –  ၂ လုံး

သကြား  –  ၃ဝ ဂရမ်

Cream Filling

Dairy Whipping Cream  –  ၂ဝဝ ဂရမ်

ပေါင်ဒါသကြား  –  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကြက်ဥ အနှစ်နှင့် သကြားကို အဝါရောင်ဖျော့ဖျော့ဖြစ်လာအောင် မွှေတံနဲ့ မွှေထားပါ။

၂။       ပြီးလျှင် ဆီ၊ နွားနို့၊ ဗနီလာနှင့် ဂျုံကို ထည့်မွှေပါ။

၃။       ခွက်သန့်သန့်တစ်ခုမှာ ကြက်ဥအကာကို ပွလာအောင် ၁ မိနစ်ခန့်မွှေပြီး သကြား ထည့်မွှေကာ Soft Peak ရောက်အောင် မွှေပါ။

၎။       ကြက်ဥအနှစ်အရောထဲမှ သုံးပုံတစ်ပုံကို ကြက်ဥအကာထဲ ရောမွှေပါ။

၅။       နောက်မှ အားလုံးရောမွှေပါ။

၆။       ခွက်ငယ်များထဲ ထည့်ပေးပြီး ၁၆၅ ဒီဂရီ အပူပေးထားသော အာဗင်ထဲမှာ ၁၈ မိနစ်ခန့် ဖုတ်ပါ။

၇။       လုံးဝ အေးသွားအောင် အအေးခံထားပါ။

၈။       Whipping Cream နှင့် သကြားကိုရောမွှေကာ ခရင်မ်ဖြစ်အောင် ခေါက်ပြီး အအေးခံထားသော ကိတ်မုန့်များထဲထည့်ပါ။

၉။       သကြားမှုန့်ဖြူးကာ ရေခဲသေတ္တာထဲ ၂ နာရီခန့်ထားပြီး စားဖို့အသင့်ဖြစ်ပါပြီ။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments