Hello Santa

by Khin Sabel Phyu (Healthy Kids Happy Life) for Food Magazine

          ဒီဇင်ဘာရောက်ရင် ကလေးတွေ အရမ်းစိတ်ဝင်စားကြတဲ့ နောက်ဆုံး ပွဲတော် တစ်ခုက ဃ့မင်အာေ် ဆိုတော့ သူ့ရဲ့ Theme လေးဖြစ်တဲ့ Santa လေးကို ပြင်ပေးလိုက်ပါတယ်။

ထမင်းဘူးပါဝင်ပစ္စည်း

ကြက်သားပျားရည်ချက်

Creamy Pasta

ထမင်းချက်ပြီးသား

Egg Roll

အလှဆင်ရန်

ကဏန်းအသားချောင်း

ငုံးဥ

ဥနီ၊ ရေညှိ၊ ဆလတ်ရွက်

ကြက်သားပျားရည်ချက်

ကြက်သား  –  ၂၀ ကျပ်သား

ကြက်သွန်ဖြူ  –  ၃ မြွှာ

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ဆား  –  အနည်းငယ်

ပြောင်းဖူးမှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပျားရည်  –  ၁/၃ ခွက်

Rice wine  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နှမ်း

ချက်ပြုတ်နည်းအဆင့်ဆင့်

၁။       ဦးစွာ ကြက်သား ၂၀ ကျပ်သားကို ဆား၊ ငရုတ်ကောင်းမှုန့်နှင့် နယ်ပြီး ၃ မိနစ်ခန့် ခဏနှပ်ထားပါ။

၂။       ထို့နောက် အသားကို ပြောင်းဖူးမှုန့်နှင့်နယ်ပြီး ကြော်ပေးပါ။

၃။       ခွက်အလွတ်ထဲ ပျားရည်၊ Rice Wine နှင့် ပြောင်းဖူးမှုန့်တို့ကို ထည့်ပြီး သမအောင် မွှေပေးပါ။

၎။       ဦးစွာ ကြက်သွန်ဖြူ ၃ မြွှာကို ကြိတ်ထားပြီး မွှေးလာသည်အထိ ဆီသတ်ပေးပါ။ ခုနက ရလာတဲ့အနှစ်ကို ကြက်သွန်ဖြူ အိုးထဲထည့်ပြီး မီးအရမ်းမပြင်းဘဲ  အနှစ်ကို ပျစ်လာသည်အထိ မွှေပေးပါ။ ပြီးလျှင် ကြော်ထားတဲ့ ကြက်သားထည့်ပြီး အနှစ်နှံ့သည်အထိ မွှေပေးပါ။ နှမ်းလေးဖြူးပေးလျှင် ရပါပြီ။

Creamy Pasta

Shape Pasta

Broccoli

Cooking Cream

Parmesan Cheese

          အရင်ဆုံး Pasta ကို ပြုတ်ပါတယ်။ Cream ကို အိုးထဲ ထည့်တည်ပါတယ်။ Broccoli ထည့်ပါတယ်။ ပန်းပွင့်အရမ်း မနွမ်းခင် ခုနပြုတ်ထားပြီး ရလာတဲ့ Pasta ကို ထည့်ပါတယ်။ Parmesan Cheese ဖြူးပေးပါတယ်။ Creamy Pasta တွေက နည်းမျိုးစုံရှိပေမယ့် ကလေးတွေအတွက်  အလွယ်ဆုံးနဲ့ သူတို့ ကြိုက်မယ့်အရသာ အနံ့မျိုးပဲ ချက်ဖြစ်ပါတယ်။

ပြင်ဆင်ပုံအဆင့်ဆင့်

၁။       ထမင်းပူလေးကို နှမ်းဆီ၊ ဆားနှင့် အရင်နယ်ပါ။ ထမင်းအောက်မှာ ဆလတ်ရွက်လေး ခင်းပေးပါ။ နောက် မျက်နှာပုံမျိုး နီးစပ်အောင် ထမင်းကို ဆုပ်ပေးပါ။

၂။       Santa ဦးထုပ်ပုံစံ ဦးအချွန်လေးလုပ်ပေးပါ။

၃။       ကြက်သားပျားရည်ချက်နှင့် Creamy Pasta ကို ရောမသွားအောင် ခွက်လေးတွေနဲ့ ထည့်ပေးပါ။

၎။       ကဏန်းအသားချောင်းမှ အနီရောင်နေရာလေးကို လှီးထုတ်ပြီး ဦးထုပ်လေး လုပ်ပေးပါ။

၅။       ရေညှိလေးတွေ ဖြတ်ပြီး မျက်နှာပုံလေး လုပ်ပေးပါ။ ပါးလေးကို Tomato Sauce လေးတို့ပေးပြီး ပါးနီလေး လုပ်ပေးပါ။

၆။       အပိုအနေနဲ့ ငုံးဥလေးနှင့် ကြက်ဥလိပ်လေး ထည့်ပေးပါ။

Facebook Comments