Heart Shape Raisin Coffee Soft Cookie (အသည်းပုံကော်ဖီစပျစ်သီးကွတ်ကီးပျော့)

by Dexter Bistro for Food Magazine

          စပျစ်သီးခြောက်ကို ကော်ဖီမှုန့်လေးနဲ့ တွဲဖက်ဖျူးရှင်းလုပ်ထားတဲ့ ဒီကွတ်ကီးလေးကလည်း ခရေပင်အောက် ကိုယ့်ချစ်သူနဲ့ ပန်းကောက်၊ စပျစ်သီးခြောက်စားရင်း ကော်ဖီလေးသောက်တဲ့ ကဗျာကာရန်လေးလိုပေါ့။

လိုအပ်သောပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး  –  ၂  ၂/၃ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ထောပတ် (အခန်းအပူချိန်)  –  စားပွဲဇွန်း ၈ ဇွန်း

သကြားဖြူရိုးရိုး  –  ၁  ၁/၄ ခွက်

ဗနီလာအနံ့ရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်ဥ (အလုံးကြီး)  –  ၂ လုံး (အခန်းအပူချိန်)

Instant ကော်ဖီမှုန့်  –  ၁/၃ ခွက်

စပျစ်သီးခြောက်  –  ၃/၄ ခွက်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       အိုးတစ်အိုးထဲ ဂျုံမှုန့်၊ ဘေကင်ပေါင်ဒါပွဆေးနဲ့ ဆားကို ရောထည့်ပြီး သမအောင် မွှေပါ။

၂။       နောက်အိုးကြီးတစ်အိုးထဲ ထောပတ်နဲ့သကြားဖြူကို ရောထည့်ကာ ၄ မိနစ်ခန့် ပွပြီး အရောင်ဖျော့လာသည်အထိ လျှပ်စစ်လက်မွှေတံနဲ့ မွှေပါ။

၃။       ဗနီလာအနံ့ရည်ကို ထည့်ကာ သမအောင် မွှေပြီးလျှင် ကြက်ဥကို ခေါက်ထည့်ပြီး သမအောင်မွှေပါ။

၎။       ဂျုံမှုန့်အရောအနှောကို ဖြည်းဖြည်းချင်း လောင်းထည့်ပြီး အနှေှးစနနိ နဲ့ သမအောင် မွှေပါ။

၅။       Instant ကော်ဖီမှုန့်ကို ရောထည့်ပြီး ဇွန်းကြီးတစ်ချောင်းနဲ့ သမအောင်ရောပါ။

၆။       စပျစ်သီးခြောက်ကို ရောထည့်ပြီး ဇွန်းကြီးနဲ့ သမအောင် Fold လုပ်ပေးပါ။

၇။       မုန့်သားကို ဇွန်း (သို့) Ice Cream Scooper နဲ့ ခပ်ယူပြီး Parchment Paper ခင်းထားတဲ့ မုန့်ဗန်းပေါ် ကိုယ်ကြိုက်နှစ်သက်ပုံကို ဖော်ယူပြီး မုန့်သားတစ်ခုနဲ့ တစ်ခုကို ၂ လက်မ အကွာစီ ခြားကာ စီထည့်ပါ။

၈။       အာဗင်ကို 350ံF (180ံC) ချိန်ပြီး ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကို ၉ မိနစ် (သို့) ၁၀ မိနစ်ခန့် ဖုတ်ပါ။

၉။       မုန့်သားအနားစွန်း အရောင်အနည်းငယ်ညိုလာလျှင် မုန့်ဗန်းကို အာဗင်က ထုတ်ကာ အအေးခံပြီး အဆင်သင့်စားသုံးနိုင်ပါပြီ။

www.facebook.com/Dexter Ng

Facebook Comments