Hamburg Steak

by Evy’s Kitchen for Food Magazine

အမဲသားကို နုပ်နုပ်စဉ်းပြီးမှ ခပ်ထူထူလေး ပုံသွင်းပြီး ပြန်ကြော်ချက်ထားတဲ့ ဟင်းပွဲပါ။ အသားညှပ်ပေါင်မုန့်ထဲမှာ ထည့်စားတဲ့ အသားလိုမျိုးကို ခပ်ထူထူလေး လုပ်ထားတာပါ။ ဂျပန်စတိုင် Teriyaki ကို သုံးထားပါတယ်။

ပါဝင်ပစ္စည်းများ

အမဲသားကြိတ်ပြီးသား  –  ၅၀ဝ ဂရမ်

(အမဲသားနှင့် ဝက်သားတစ်ဝက်စီ ရောသုံးလည်း ရပါတယ်)

Bread Crumb  –  ၈၀ ဂရမ်

နွားနို့  –  ၁၅၀ ဂရမ်

ကြက်ဥ  –  ၁ လုံး

ပဲငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ကြက်သွန်နီ ဥကြီး  –  ၁ လုံး

ကြက်သွန်ဖြူ  –  ၃ မြွှာခန့်

ဆော့စ်အတွက်

Teriyaki Sauce

ပျားရည်  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း ၄ ဇွန်းခန့်

ပြုလုပ်နည်း

၁။       ပထမဆုံး Bread Crum များကို နွားနို့ထဲ ရောမွှေပြီး ပွလာအောင် ခဏထားပါ။

၂။       ကြက်သွန်ဖြူ/နီကို  အနည်းငယ်နွမ်းသွားအောင် ဆီသတ်ပါ။

၃။       ပါဝင်ပစ္စည်းများအားလုံးကို နယ်ပါ။

၎။       အသားများကို အညီအမျှ ၅ ပိုင်းခွဲပြီး ၁ လက်မအထူရှိတဲ့ အသားပြားများရအောင် လက်ဖြင့် ပုံသွင်းပါ။

၅။       ဆီ စားပွဲဇွန်း ၄ ဇွန်းခန့် အပူပေးပြီး ပုံသွင်းထားတဲ့အသားကို ထည့်ကြော်ပါ။ တစ်ဖက်ကို ၈ မိနစ်ခန့် ထည့်ကြော်ပါ။ အားလုံးကြော်ပြီးလျှင် ကြော်ထားတဲ့အိုးကို ပြန်သုံးပါမယ်။

၆။       Teriyaki Sauce လက်ဖက်ရည်ပန်းကန် ၁ လုံးလောက် ခန့်ကို မီးပေါ်မှာ အပူပေးပါ။

၇။       ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် ထည့်မွှေပါ။ ငရုတ်ကောင်းလည်း ထည့်မွှေပါ။

၈။       နည်းနည်းပျစ်လာလျှင် ကြော်ထားတဲ့ အသားများကို ထည့်မွှေပြီး မီးပိတ်ပေးပါ။ ထမင်းဖြူနဲ့ပဲစားစား၊ သူ့ချည်းပဲစားစား အရသာကောင်းတဲ့ Hamburg Steak ရပါပြီ။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments