Ham and Cheese Square (ဟဲန်နှင့် ချိစ်စကွဲ)

by Dexter Bistro for Food Magazine

ပါဝင်ပစ္စည်းများ

ကြက်ဥ  –  ၈ လုံး (အလုံးကြီး) (အခန်းအပူချိန်)

နွားနို့  –  ၁ ခွက်

ဂျုံမှုန့်ရိုးရိုး  –  ၁/၃ ခွက်

Sundried Tomato (သို့) Red Bell Pepper  –  ၁/၃ ခွက် (အတုံးသေးသေးလှီးထားပါ)

Spinach ဟင်းနုနယ်  –  ၁/၂ ခွက် (ပါးပါးလှီးထားပါ)

Ham  –  ၂ ခွက် (အတုံးသေးသေးလှီးထားပါ)

Fresh Thyme (သို့) Dried Thyme  –   စားပွဲဇွန်း ၁ ဇွန်း

ဆား၊ ငရုတ်ကောင်းမှုန့်  –  စိတ်ကြိုက်

မိုဇာလွဲလားချိစ် (Mozzarella Cheese)  –  ၁ ခွက် (အမျှင်သေးသေးခြစ်ထားပါ)

ပြုလုပ်နည်း

၁။       အိုးကြီးတစ်အိုးမှာ ကြက်ဥ၊ နွားနို့နှင့် ဂျုံမှုန့်တို့ကို ရောနှောပြီး Hand Mixer နှင့် သမအောင် မွှေပါ။

၂။       Sundried Tomato, ဟင်းနုနယ်၊ Ham နှင့် Fresh Thyme တို့ကို ရောထည့်ပြီး သမအောင် မွှေပါ။

၃။       ဆားနှင့် ငရုတ်ကောင်းမှုန့်ကို စိတ်ကြိုက်ထည့်ပြီး သမအောင် မွှေပါ။

၎။       8’’ x 8’’ Square Pan ထဲ ပါ့ခ်ျမန်စက္ကူခင်းထားပြီး Cooking Spray (သို့) ထောပတ် ဖျန်းသုတ်ပေးပါ။

၅။       ကြက်ဥအရောအနှောကို လောင်းထည့်ပါ။

၆။       အာဗင်ကို 350˚F (180˚C) ကြိုအပူပေးပြီး မုန့်ဗန်းကို မိနစ် ၂၀ ခန့် ဖုတ်ပါ။

၇။       ကြက်ဥအနားသားညိုလာပြီး မုန့်ဗန်းဘေးနံရံက ကွာလာလျှင် ဗန်းကို အာဗင်က ထုတ်၍ မိုဇာလွဲလားချိစ်အမျှင်ကို ကြက်ဥမျက်နှာပြင်ပေါ် နေရာအနှံ့ သမအောင် ဖျန်းပေးပါ။

၈။       ကြက်ဥဗန်းကို အာဗင်ထဲ ပြန်ထည့်ပြီး နောက်ထပ် ၂ မိနစ်ခန့် ထပ်ဖုတ်ပါ။

၉။       ချိစ်အမျှင်များ စ၍ပျော်လာလျှင် ကြက်ဥဗန်းကို အာဗင်ကထုတ်ပြီး အအေးခံကာ ကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက် Salad နှင့် တွဲပြီး စားသုံးနိုင်ပါပြီ။

Facebook Comments