Ham and Cheese Cupcake For Diabete People (ဆီးချိုသမားများအတွက် ဟဲန်နှင့် ချိစ်ကပ်ကိတ်)

by Dexter’s Bistro for Food Magazine

           Fruit Cupcake လေးတွေကို အချိုနဲ့အသီးတွေကြိုက်ကြတဲ့ Fruit Lover Sweet Tooth သမားတွေအတွက်ပဲ လုပ်ပေးတော့ မျက်နှာလိုက်တယ်လို့ အပြောခံရမှာပေါ့နော်။ ဆီးချိုဝေဒနာရှင်တွေလည်း ကပ်ကိတ်လေးတွေ စားချင်ကြမှာကို စဉ်းစားရင်း မချိုတဲ့ ကပ်ကိတ်တစ်မျိုးကို ဒီလအတွက် မိတ်ဆက်ပေးလိုက်တယ်။ နောက်နောင်အခါအသင့်ကြုံရင် ဆီးချိုဝေဒနာရှင်တွေ စားနိုင်မယ့် ကပ်ကိတ်ချိုလေးတွေလည်း လုပ်ပေးပါမယ်လို့…။

လိုအပ်သောပစ္စည်းများ

Gluten Free Flour  –  ၂ ခွက်

ဘေကင်ပေါင်ဒါ  –  စားပွဲဇွန်း ၁ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သကြား  –  စားပွဲဇွန်း ၂ ဇွန်း

ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူမှုန်(Garlic Powder)  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နွားနို့  –  ၁  ၂/၃ ခွက်

ကြက်ဥ (အလုံးကြီး)  –  ၂ လုံး (အခန်းအပူချိန်)

သံလွင်ဆီ (သို့) ဟင်းရွက်ဆီ  –  ၁/၃ ခွက်

Ham  – ၁  ၁/၃ ခွက် (အတုံးသေးသေးလှီးထားပါ)

Cheddar Cheese  –  ၁ ခွက် (Shredder အမျှင်ခြစ်ထား)

ပြုလုပ်နည်း

၁။  အိုးတစ်အိုးမှာ Gluten Free Flour, ဘေကင်ပေါင်ဒါ၊ ဆား၊ သကြား၊ ငရုတ်ကောင်း မှုန့်၊ ကြက်သွန်ဖြူမှုန့် အားလုံးကိုရောနှောပြီး သမအောင် မွှေပေးပါ။

၂။  နောက်အိုးတစ်အိုးမှာ နွားနို့၊ ကြက်ဥ၊ ဆီကို ရောနှောပြီး သမအောင်မွှေပါ။

၃။  ဂျုံမှုန့်အရောအနှောကို ကြက်ဥအရောအနှောထဲ ဖြည်းဖြည်းချင်းလောင်းထည့်ပြီး လျှပ်စစ် လက်မွှေတံနဲ့ မွှေပေးပါ။ (မှတ်ချက် – Over Mix မလုပ်ရပါ။)

၎။  Cheddar Cheese ကို ရောထည့်ပြီး သမအောင် မွှေပေးပါ။ (လျှပ်စစ်လက်မွှေတံ မသုံးပါနဲ့။ ဇွန်းကြီးတစ်ချောင်းနဲ့ မွှေပေးနိုင်ပါတယ်။)

၅။  မုန့်နှစ်ရည်ကို ကပ်ကိတ်စက္ကူခွက်ခင်းထည့်ထားတဲ့ ကပ်ကိတ်ဗန်းထဲ အညီအမျှ ခွဲထည့်ပေးပြီး Ham အတုံးတွေကို မုန့်နှစ်ရည်တွေအပေါ်  အညီအမျှ ခွဲထည့်ပေးပါ။ (ကပ်ကိတ် ၁၄ ခု ရပါမယ်။)

၆။  အာဗင်ကို ၃၅၀˚F (၁၈၀˚C) ချိန်ပြီး ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကို ၃၂ မိနစ် (သို့) ၃၅ မိနစ်ခန့် ဖုတ်ပေးပါ။

၇။  မုန့်သားအလယ်ကို တုတ်တံချောင်းသေးနဲ့ ထိုးစိုက်ကြည့်ပြီး အထုတ်မှာ မုန့်သား ကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ကာ အအေးခံပြီး အဆင်သင့်စားသုံး နိုင်ပါပြီ။

Facebook Comments