Ham and Cheese Cupcake (ဟဲန်နဲ့ ချိစ်ကပ်ကိတ်)

by Dexter Bistro for Food Magazine

          အချိုသိပ်မကြိုက်တဲ့ချစ်သူက အငန်လေးပဲကြိုက်တယ်လို့ ပြောခဲ့ရင်…။

လိုအပ်သောပစ္စည်းများ

Self-Rising Flour  –  ၂ ခွက်

ဘေကင်ဆိုဒါပွဆေး  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

နွားနို့  –  ၁ ခွက်

မရောနိစ် (Mayonnaise)  –  ခွက်တစ်ဝက်

Ham (ခုတ်ထစ်ပြီးသား အတုံးသေး)  –  ၁ ခွက်

အမျှင်ခြစ်ပြီးသား Cheddar Cheese  –  ၃/၄ ခွက်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       အိုးတစ်အိုးထဲ Self-Rising Flour နဲ့ ဘေကင်ဆိုဒါပွဆေးကို ရောထည့်ပြီး သမအောင် မွှေပါ။

၂။       နောက်အိုးတစ်အိုးထဲ နွားနို့၊ မရောနိစ်၊ Ham နဲ့ အမျှင်ခြစ်ပြီးသား Cheddar Cheese ကို ရောထည့်ပြီး သမအောင်မွှေပါ။

၃။       ဂျုံမှုန့်အရောအနှောကို နွားနို့အရောအနှောထဲ ဖြည်းဖြည်းချင်းလောင်းထည့်ပြီး ဇွန်းကြီးတစ်ချောင်းနဲ့ သမအောင်မွှေပါ။

၎။       မုန့်နှစ်ရည်ကို ကပ်ကိတ်စက္ကူအဆင်သင့်ထည့်ထားတဲ့ Cupcake ခွက်ထဲ ၂/၃  လောင်းထည့်ပါ။

၅။       အာဗင်ကို 400˚F (200˚C) ချိန်ပြီး ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကို ၁၀ မိနစ် (သို့) ၁၂ မိနစ်ခန့် ဖုတ်ပါ။

၆။       တုတ်တံချောင်းသေးသေးနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ပြီး အထုတ်မှာ မုန့်သား လုံးဝကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ကာ အအေးခံပြီး အဆင်သင့် စားသုံးနိုင်ပါပြီ။

www.facebook.com/Dexter Ng

Facebook Comments