Ground Beef Stuffed Cabbage Roll (အမဲသားအဆာသွတ်ဂေါ် ဖီထုပ်)

by Dexter Bistro for Food Magazine

          Valentine’s Day အထူးစပယ်ရှယ်အနေနဲ့ ကိုယ်ချစ်တဲ့သူ၊ ကိုယ့်မိသားစုနဲ့ ချစ်သူငယ်ချင်းတွေကို ကျန်းမာရေးနဲ့ အရမ်းညီညွတ်တဲ့ ဟင်းပွဲနဲ့ စတင်မိတ်ဆက်ပေးလိုက်ပါတယ်။ ဝလို့ အလေးချိန်လျှော့သူတွေ၊ Gym ကစားနေလို့ အဆီဓာတ် လျှော့နေသူတွေအတွက် အရမ်းကောင်းတဲ့ ဂေါ်ဖီထုပ်လေးကို အသားအဆာသွတ်ပြီး ချက်ပြပေးမယ့် ဟင်းလေးပါ။ အမဲသားမစားသူတွေအတွက်လည်း ကြက်သား၊ ဝက်သားတွေနဲ့ အစားထိုး ချက်ပြုတ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ဂေါ်ဖီထုပ်အရွက်  –  ၁၀ ရွက်

ကြက်သွန်နီ  –  ၁ ခွက် (နုပ်နုပ်စဉ်း)

အမဲသားကြေ (Ground Beef)  –  ၁ ပေါင်

ကြက်ဥ (အလုံးကြီး)  –  ၁ လုံး (အခန်းအပူချိန်)

ဂျပန်ပေါင်မုန့်ခြောက်ကြေ (Panko)  –  ၃/၄ ခွက်

ငရုတ်ကောင်းမှုန့်  –  စိတ်ကြိုက်

ဆား  –  စိတ်ကြိုက်

ကြက်စွပ်ပြုတ်ရည် (Chicken Stock)  –  ၂ ခွက်

ခရမ်းချဉ်သီးအနှစ် (Tomato Paste)  –  စားပွဲဇွန်း ၂ ဇွန်း

Ketch  –  ၁/၂ ခွက်

ကြက်သွန်မြိတ် (Green Onion)  –  ၁/၂ ခွက် (နုပ်နုပ်စဉ်း)

ပြုလုပ်နည်း

၁။       ဂေါ်ဖီထုပ်အရွက် ၁၀ ရွက်ကို မိုက်ခရိုဝေ့မှာ ၃ မိနစ် (သို့) ၄ မိနစ်ခန့် ပျော့ပျောင်းပြီး ခေါက်ထုပ်လို့ရတဲ့အဆင့်အထိ အပူပေးပါ။

          (မှတ်ချက်။ မိုက်ခရိုဝေ့ပါဝါ 650-700 Walt အတွက် ၃ မိနစ် (သို့) ၄ မိနစ်ခန့် အပူပေးပါ။ Walt ပါဝါကြီးလျှင် ၂ မိနစ်ခန့် အပူပေးလျှင် ပျော့ပျောင်းလာနိုင်ပါတယ်။)

၂။       အိုးကြီးတစ်အိုးမှာ ကြက်သွန်နီ၊ အမဲသားကြေ၊ ကြက်ဥနှင့် Panko တို့ကို ရောနှောပြီး သမအောင် လက်နဲ့နယ်ပေးပါ။

၃။       ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ကို စိတ်ကြိုက်ထည့်နယ်ပြီး အသားလုံး ၁၀ လုံး အညီအညာ လုံးယူပါ။

၎။       အသားလုံး ၁ လုံးစီကို ဂေါ်ဖီထုပ် အရွက် ၁ ရွက်စီရဲ့  အလယ်မှာထားပြီး ဂေါ်ဖီထုပ်ရွက်ကို အောက်ခေါက်၊ ဘေးခေါက်ပြီး ကော်ပြန့်လိပ်လို လိပ်ယူပါ။

၅။       အသားထည့်သွတ်ထားတဲ့ ဂေါ်ဖီထုပ်အရွက် ၁၀ ရွက်ကို အိုးကြီးတစ်အိုးထဲ စီထည့်ပြီး ကြက်စွပ်ပြုတ်ရည် ၂ ခွက်၊ မရမ်းချဉ်သီးအနှစ်၊ Ketchup တို့နှင့် သမအောင် ရောနှောထားတဲ့ အရည်ကို အိုးထဲ ညင်သာစွာ လောင်းထည့်ပါ။

၆။       မီးရှိန်မြှင့်ပြီး ဆူလာသည်အထိ အပူပေးပြီးလျှင် မီးရှိန်ကို အနိမ့်ဆုံးထားပြီး မိနစ် ၂၅ (သို့) ၃၀ ခန့် ချက်ပေးပါ။

၇။       နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်မြိတ်ကို အပေါ်မှာဖြူးပြီး အဆင်သင့်စားသုံးနိုင်ပါပြီ။

Facebook Comments