Grilled Briljal Pasta (ခရမ်းသီးမီးဖုတ်သုပ် အီတလီခေါက်ဆွဲ)

by Myint Oo Thar for Food Magazine

သက်သတ်လွတ် Pasta ဖြစ်လို့ ချိစ်နဲ့ ခရင်မ် မသုံးရပါဘူး။ အီတလီအစားအစာတွေမှာလည်း ခရမ်းသီးသုံးပြီးချက်တဲ့ ဟင်းအမျိုးအစား အများကြီးရှိပါတယ်။ ဒီလမှာတော့ ခရမ်းသီးမီးဖုတ်နဲ့ ချက်မယ့် သက်သတ်လွတ် Pasta  နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

အီတလီခေါက်ဆွဲ –  ၂၅၀ ဂရမ်(သို့) ဂျုံကြာဆံ

ခရမ်းသီ –  ၄၀ဝ ဂရမ် (မီးဖုတ်ထားပါ)

သီဟိုဠ်စေ့လှော် –  ၃၅ ဂရမ် (ထောင်းထားပါ)

ကြက်သွန်နီ –  ၆၀ ဂရမ်

ကြက်သွန်ဖြူ –  ၂၅ ဂရမ်

ငရုတ်ကောင်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်သီးအတောင့်ကြော်   –  ၄ ဂရမ်

နံနံပင် –  ၂-၃ ပင်

ဆီ –  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

၁။       အီတလီခေါက်ဆွဲကို အထုပ်မှာပါတဲ့ အညွှန်းအတိုင်း ပြုတ်ပြီး ဆယ်ယူထားပါ။

၂။       မီးဖုတ်ထားတဲ့ခရမ်းသီးကို အခွံနွှာပြီး အသားကို ယူထားပါ။

၃။       သီဟိုဠ်စေ့ကို မညက်တညက် ထောင်းထားပါ။

၎။       ဆီအိုးတည်ပြီး အပူပေးထားပါ။ ဆီပူလျှင် ကြက်သွန်နီထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။

၅။       အနံ့မွှေးလာသည်နှင့် ခရမ်းသီးအသားထည့်ပြီး မွှေပါ။

၆။       အားလုံးနှံ့စပ်ပြီဆိုလျှင် ပြုတ်ထားတဲ့ခေါက်ဆွဲထည့်ပါ။

၇။       ပြီးလျှင် သီဟိုဠ်စေ့ထောင်း၊ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ငရုတ်သီးကြော်တို့ကို ထည့်ပြီး မွှေပါ။

၈။       ပြီးလျှင် ပန်းကန်ထဲ ထည့်ပြီး ပါးပါးလှီးထားတဲ့ နံနံပင် ထည့်ပါ။

Facebook Comments

Menu