Greenery

by Pyone for Food Magazine

          မော့တေးလ်များကဏ္ဍကိုတော့ ရောက်ရှိလို့လာပါပြီ။  ဒီ တစ်လကိုလည်း  ထုံးစံအတိုင်း လွယ်လွယ်ကူကူနဲ့ ပျော်ပျော်ပါးပါး ဖျော်သောက်လို့ကောင်းမယ့် အမျိုးအစားလေးတွေကိုပဲ ထည့် သွင်းထားပါတယ်နော်။ ပထမဦးဆုံးတစ်ခုကတော့ Mint Leave လို့ခေါ်တဲ့ ပူဒီနာရွက်ကလေးတွေနဲ့ ချိုချဉ်အရသာလေးပေါ်တော့ နေ့ခင်းဘက် ရာသီဥတုက ပူစပ်စပ် ငြီးစီစီဖြစ်နေရင် ရွှင်လန်းသွား စေမယ့် မော့တေးလ်လေးပါပဲ။

ပါဝင်သောပစ္စည်းများ

Orange Puree  –  30 ml

Lychee Juice  –  240 ml

Mint Leaves  –  2 to 3 spring

(အရွက်ဖားဖား နှစ်ပင်၊ သုံးပင်ခန့်)

Lime  –  Half Cut (တစ်ခြမ်းခန့်)

Soda  –  120 ml (top up)

ပြုလုပ်နည်းအဆင့်ဆင့်

          ပထမဦးစွာ ဖန်ခွက်ကြီးကြီး အနေတော်တစ်လုံးထဲ သံပရာသီးတစ်ခြမ်းကို လေးစိတ်စိတ်ကာ ထည့်ပြီး အချဉ်အရသာနှင့် အနံ့ထွက်လာအောင် အနည်းငယ် ကြိတ်ခြေလိုက်ပါ။ ပြီးလျှင် ရေစင်စင်ဆေးထားသော ပူဒီနာရွက် အနည်းငယ်ကို ထည့်ပြီး အဲဒီနည်းအတိုင်းခြေမွလိုက်ပါ။ အားလုံးပြီးပြီဆိုလျှင် ရေခဲလေးကို ပြည့်အောင် တန်သင့်ရုံထည့်ပြီးပါက အပေါ်က Orange Puree, Lychee Juice, Soda တို့ကို အစဉ်အလိုက် ထည့်ပြီးလျှင် အသင့်သုံးဆောင်လို့ရတဲ့ လိမ္မော်နံ့မွှေးမွှေးလေးနှင့် မော့တေးလ်လေး တစ်ခွက်ကို ပိုင်ဆိုင်နိုင်ပါပြီနော်။

Facebook Comments