Green Tea Pudding Cake (ဂရင်းတီး ပူတင်းကိတ်)

by Dexter’s Bistro for Food Magazine

          ကိတ်တစ်ထပ်၊ ပူတင်းတစ်ထပ်နဲ့ ဘယ်လိုစားကောင်းလဲဆိုတာ စကားလုံး မဖော်ပြနိုင်တဲ့ Fusion Cake တစ်မျိုးပါပဲ။ ပါးစပ်ထဲမှာတင် နူးနူးညံ့ညံ့လေးနဲ့ ပျော်ဝင်သွားနိုင်တဲ့ ပူတင်းရဲ့  အရသာက စားကြည့်မှ “WoW!” ဖြစ်သွားမှာပါ။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး  –  ၃/၄ ခွက်

ဂရင်းတီးပေါင်ဒါ  –  စားပွဲဇွန်း ၁/၂ ဇွန်း

ကြက်ဥအကာ  –  ၄ လုံး

ကြက်ဥအနှစ်  –  ၄ လုံး

သကြားဖြူရိုးရိုး  –  ၁ ခွက်

ဗနီလာအနံ့အရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ထောပတ်  –  စားပွဲဇွန်း ၈ ဇွန်း (အရည်ဖျော်ထားပါ)

နွားနို့နွေးနွေး  –  ၂ ခွက်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       အိုးတစ်အိုးမှာ ဂျုံမှုန့်နှင့် ဂရင်းတီးပေါင်ဒါမှုန့်ကိုရောနှောပြီး သမအောင် မွှေပေးပါ။

၂။       နောက်အိုးတစ်အိုးမှာ ကြက်ဥအကာ ၄ လုံးကို လျှပ်စစ်လက်မွှေတံနဲ့ ခရင်မာမာတောင့်တောင့်ဖြစ်တဲ့ အနေအထား ရောက်အောင် ၈ မိနစ် ခန့် မွှေပေးပါ။

၃။       နောက်ထပ်အိုးတစ်အိုးထဲ ကြက်ဥအနှစ် ၄ လုံးနဲ့ သကြားဖြူကို ရောထည့်ပြီး လျှပ်စစ်လက်မွှေတံနဲ့ ၄ မိနစ်ခန့် ပွလာအောင် မွှေပေးပါ။

၎။       ဗနီလာအနံ့ရည်နဲ့ ထောပတ်ကိုရောထည့်ပြီး သမအောင် မွှေပေးပါ။

၅။       ဂျုံမှုန့်၊ ဂရင်းတီးပေါင်ဒါမှုန့်အရောအနှောကိုထည့်ပြီး သမအောင် မွှေပေးပါ။

၆။       နွားနို့နွေးနွေးလေးကို ရောထည့်ပြီး သမအောင် မွှေပေးပါ။

၇။       ရိုက်ထားတဲ့ ကြက်ဥအကာကို ၃ ခါခွဲပြီး ၁ ခါစီခွဲထည့်ကာ သမအောင် မွှေပေးပါ။

၈။       မုန့်နှစ်ရည်ကို ဘေးနံရံနဲ့ အောက်ခြေမျက်နှာပြင် ထောပတ်သုတ်ထားတဲ့ ၈” x ၈” လေးထောင့်ဗန်းထဲ လောင်း ထည့်ပါ။

၉။       အာဗင်ကို 325˚F (170˚C) ကြိုအပူပေးပြီး မုန့်ဗန်းကို ၃၈ မိနစ် (သို့) မိနစ် ၄၀ ခန့် ဖုတ်ပေးပါ။

          မှတ်ချက်  ။     ။  မိနစ် ၃၀ မှာ မုန့်ဗန်းပေါ်  အလူမီနီယံ ငွေရောင်စက္ကူကာပေးပါ။

၁၀။     မုန့်ဗန်းကို Shake လုပ်ကြည့်လို့ မုန့်မျက်နှာပြင် ဟိုရွေ့ဒီရွေ့မဖြစ်တော့လျှင် အာဗင်ကထုတ်ပြီး အအေးခံကာ အဆင်သင့်စားသုံးနိုင်ပါပြီ။

www.facebook.com/Dexter Ng

Facebook Comments