Green Lake Cocktail

by Pyone for Food Magazine

          ပထမဆုံး ကော့တေးလ်လေးကတော့ Tequilla ကို အခြေခံထားတဲ့ ကော့တေးလ်လေးပါပဲ။ သူ့အရသာကတော့ Tequilla ရဲ့ မွှေးပျံ့တဲ့ အရသာလေးကို နာနတ်သီးအနံ့လေးနဲ့ ရောမွှေထားတဲ့အပြင် ထပ်ဆောင်းအနေနဲ့ ဘယ်ရီသီးအရသာလေးပါ ပေါင်းထည့်ပေးထားလို့ ချိုမြအေးတဲ့ အရသာလေးကို ခံစားနိုင်မှာပါ။ Fancy Cocktail လေးဖြစ်လို့ မိန်းကလေးတွေ အကြိုက်တွေ့စေနိုင်မယ့် ကော့တေးလ်လေးလို့ ပြောပါရစေ။ ဖျော်ဖို့အတွက်တော့ လိုအပ်တာလေးတွေကို ဖော်ပြပေးထားပါတယ်။

ပါဝင်ပစ္စည်းများ

Blue Curacao  –  30 ml

Tequpla  –  45 ml

Lime Juice  –  10 ml

Raspberry Syrup  –  15 ml

Pineapple Juice  –  60 ml

ပြုလုပ်နည်း

          ကဲ… လိုအပ်တာလေးတွေ စုံပြီဆိုရင် စဖျော်လို့ရပါပြီ။ ပထမဦးစွာ ကော့တေးလ်ဖျော်မယ့် Shaker ခွက်ကလေးကို ယူလိုက်ပါ။ ပြီးလျှင် ပထမဦးစွာ Tequila ကို တစ်ပက်ခွဲခန့် ခြင်တွယ်ထည့်လိုက်ပါ။ Tequila ကိုတော့ မိမိနှစ်သက်ရာ မည်သည့်အမျိုးအစားမဆို အသုံးပြုလို့ရပါတယ်။ နောက်ထပ်အနေနဲ့ အခြားပါဝင်ပစ္စည်းတွေကို ဖော်ပြပါ အချိုးအစားအတိုင်း ခြင်တွယ်ထည့်ပြီးပါက ရေခဲ ၃ တုံး၊ ၄တုံးခန့် ထည့်ပြီး အဖုံးဖုံးကာ သမပြီး အေးမြသွားအောင် ရှိတ်လိုက်ပြီးပါက ဖော်ပြပါ ခွက်ကလေးထဲကိုထည့်ပြီး အသင့်သုံးဆောင်လို့ ရပါပြီနော်။ တတ်နိုင်ရင်တော့ အဲဒီခွက်ကလေးကို ဖျော်ပြီး မထည့်ခင် ရေခဲသေတ္တာထဲထည့်ကာ အေးသွားအောင် Chill လိုက်ဖို့ မမေ့ပါနဲ့ဦးနော်။ ကဲ… ကော့တေးလ်လေးဖျော် သောက်ပြီး ပျော်ရွှင်နိုင်ပါစေသား။

Facebook Comments