Green Fresh

Green Fresh

            နောက်ဆုံးဖြစ်တဲ့ Mocktail တစ်ခုကတော့ ဦးနှောက်တွေ ထိုင်းမှိုင်းပြီး မလန်းဆန်းဘူးဆိုတဲ့ သူတွေအတွက် လန်းဆန်းပြီး Fresh ဖြစ်သွားစေမယ်ဆိုတာ အာမခံတဲ့ Mocktail လေးပါပဲ။ တစ်ခုပဲရှိပါတယ်။ အချဉ်မကြိုက်တဲ့သူတွေဆိုရင်တော့ သံပရာရည်မထည့်ဘဲ ဖျော်ရပါလိမ့်မယ်။ သူ့အရသာကတော့ အချဉ်စူးတဲ့ ဘက်ကိုပါပြီး Angostura Bitter လို့ခေါ်တဲ့ ဆေးဖက်ဝင် အမွှေးအကြိုင်အပင်တွေနဲ့ ဖော်စပ်ပြီး ထုတ်လုပ်ထားတဲ့ Bitter တစ်မျိုးပါဝင်တာကြောင့် ကျန်းမာရေးအတွက် ကောင်းပါတယ်။ တစ်ငုံသောက်ပြီးတာနဲ့ Fresh ဖြစ်သွားစေမှာ အမှန်ပါပဲ။

►    လိုအပ်တဲ့ပစ္စည်းတွေကတော့

♦   Green Apple Syrup   –   20 ml

♦   Lime Juice   –   10 ml

♦   Sprite or 7 up   –   on top

♦   Angostura Bitter   –   1 to 2 Drops

►    ပြုလုပ်ပုံကတော့

            ပြုလုပ်နည်းကလည်း လွယ်ကူပါတယ်။ ခွက်ထဲသို့ ပါဝင်ပစ္စည်းတွေကို သူ့အချိုးအစားအတိုင်း ရောစပ်ကာ အပေါ်က Bitter လေး တစ်စက်၊ နှစ်စက် ပေါက်လိုက်ရုံနဲ့တင် သူ့ရဲ့ အနံ့အရသာ ပြည့်စုံသွားပါပြီ။ ဒီထဲမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကတော့ Angostura Bitter ကလွဲရင် ကျန်တာအားလုံး လွယ်ကူပါလိမ့်မယ်။ Angostura Bitter ကတော့ Cocktail နဲ့ ရင်းနှီးကျွမ်းဝင်တဲ့သူတွေဆိုရင်တော့ သိကြပါတယ်။ တစ်ခါတစ်ရံ City Mart လိုဆိုင်မျိုးတွေမှာ တွေ့ရတတ်ပေမယ့် ဝယ်ရတာခက်ခဲပြီး ဈေးလည်းကောင်းတဲ့ Bitter တစ်မျိုးပါ။ ဒါပေမဲ့ ပေးရတာနဲ့တန်အောင် သူကလည်း အသုံးတည့်တဲ့ Bitter တစ်မျိုးဖြစ်လေတော့ ဘယ် Bar မဆို ဆောင်ထားရတဲ့ ပစ္စည်းတစ်မျိုးပါပဲ။ Angostura Bitter ကို ပထမဆုံးထုတ်လုပ်တဲ့နေရာကတော့ Angostura မြို့ (Ciudad Bolivar, Venezuela) ပါ။ အဲဒီမြို့ကိုအစွဲပြုပြီး ခေါ်ဝေါ်ခဲ့တာလည်း ဖြစ်ပါတယ်။ သူ့မှာ ထူးခြားချက်ရှိတာကတော့ ပုလင်းထက်ရှည်နေတဲ့ Label စာရွက်ပါ။ အဲဒါကိုတွေ့တာနဲ့ အဲဒီ့ပုလင်းဟာ Angostura Bitter ပုလင်းမှန်း တန်းသိနိုင်ပါတယ်။ အဲဒီ့ Angostura Bitter က ကျို့ထိုးတာတွေ၊ အစာအိမ် နာတာတွေအတွက်လည်း ဆေးတစ်ပါးဖြစ်တယ်လို့လည်း ပြောကြပါတယ်။ Soda လို Frizzy ဖြစ်တဲ့ Drinks တွေမှာ သုံးလေ့ရှိသလို ကော့တေးလ် တော်တော်များများမှာလည်း အဓိကပါဝင်ပစ္စည်းဆိုရင်လည်း မမှား ပါဘူး။ ဂျာမန်ဒေါက်တာတစ်ယောက်က တီထွင်ဖော်စပ်ခဲ့ပြီးတော့ 1873 Australia နိုင်ငံ ဗီယင်နာမြို့ World Fair မှာ ဆုရထားတာလည်း ဖြစ်ပါတယ်။  Angostura Bitter အကြောင်း ဒီလောက်ဆိုလျှင် နည်းနည်းတော့ သိသွားပြီထင်ပါတယ်။ အဲဒါကြောင့် ကော့တေးလ်၊ မော့တေးလ် ကြိုက်နှစ်သက်တဲ့သူဆိုရင် တွေ့လို့ရှိရင် ဝယ်သာထားလိုက်ပါလို့ အကြံပေးချင်ပါတယ်။ မော့တေးလ်လုပ်တဲ့ဘက် ပြန်သွားရအောင်ပါ။ အားလုံးထည့်ပြီးပြီဆိုတာနဲ့ ပိုက်လေးနဲ့ အသာအယာမွှေပြီး သုံးဆောင်နိုင်ပါပြီနော်။ Garnish အနေနဲ့ကတော့ သံပရာသီးစိတ်လေးပဲဖြစ်ဖြစ် အခုလို သံပရာသီးအလိမ်လေးပဲဖြစ်စေ ချိတ်ပြီးသွားရင် ပြီးပြည့်စုံသော Green Fresh Mocktail တစ်ခွက်ရပါပြီနော်။ အားလုံးပဲ Cocktail, Mocktail တွေ ဖျော်သောက်ပြီး ပျော်ရွှင်မှု ရနိုင်ကြပါစေ။

♦   Pyone   ♦

Facebook Comments