Fresh Yellow Juice

by Pyone for Food Magazine

          နွေရာသီက ပူလာပြီဆိုတော့ ရေဓာတ်က လိုအပ်မှာတော့ အမှန်ပါပဲ။ ကဲ… ကုန်ဆုံးသွားတဲ့ ရေဓာတ်လေးတွေကို လွယ်လွယ်ကူကူနဲ့ ဖျော်စပ်လို့ရမယ့် မော့တေးလ်သောက်ပြီး ပြန်ဖြည့်လို့ရပါတယ်။ အခုဖျော်စပ်ကြည့်မယ့် မော့တေးလ်လေးကတော့ သူ့ချည်းပဲသောက်လည်းကောင်းတဲ့ Juice နှစ်မျိုးကို လိုက်ဖက်အောင် ရောစပ်ပြီး နွေရာသီအတွက်  သောက်လို့ကောင်းမယ့်  မော့တေးလ်အနေနဲ့ ဖော်ပြလိုက်ရ ပါတယ်နော်။

လိုအပ်မည့် ပါဝင်ပစ္စည်း သုံးမျိုးကတော့-

Orange Juice  (လိမ္မော်ရည်)  –  90 ml

Energy Drink Red Bull  –  90 ml

Raspberry Syrup  –  20 ml တို့ပဲ လိုပါတယ်။

ပြုလုပ်နည်း

          အားလုံးစုံလင်သွားပြီဆိုပါက အနေတော်ဖန်ခွက် တစ်ခွက်ထဲကို ရေခဲသုံးတုံးခန့် ထည့်ပါ။ ပြီးလျှင် အပေါ်က လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ လိမ္မော်ရည်ကို (ဒါမှမဟုတ် လွယ်လွယ်ကူကူ ဆိုင်မှာရောင်းတဲ့ အသင့်သောက် လိမ္မော်ရည်ဘူးတွေကို သုံးလို့ရပါတယ်။) ဖန်ခွက်ထဲ  ပါဝင်အချိုးအစားအတိုင်း ထည့်ပါ။ ပြီးလျှင် အပေါ်က Red Bull သို့မဟုတ် Burn ကြိုက်နှစ်သက်ရာ Energy Drink ကို လောင်းထည့်ပါ။ နောက်ဆုံးအနေနဲ့ Raspberry Syrup အနည်းငယ်ကို အရသာအတွက်နဲ့ အမြင်လှစေဖို့အတွက် လောင်းထည့်လိုက်ပါ။ ကဲ… အခုဆို အေးလည်းအေး၊ မွှေးလည်းမွှေးပြီး သောက်လို့လည်းကောင်းမယ့်  မော့တေးလ်လေးတစ်ခွက်ကို ကိုယ်တိုင်ဖျော်ပြီးပါပြီနော်။ နောက်ဆုံးအနေနဲ့  လိမ္မော်သီးစိတ်လေးရှိရင် Garnish အနေနဲ့ အလှဆင်ပြီး ချိတ်လိုက်ဖို့လည်း မမေ့ပါနဲ့ဦးနော်။

 

Facebook Comments