Fresh Blueberry Donut (ဘလူးဘယ်ရီသီးဒိုးနပ်)

by Dexter’s Bistro for Food Magazine

လိုအပ်သောပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး  –  ၁ ၁/၄ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၈ ဇွန်း

ကြက်ဥ (အလုံးကြီး)  –  ၁ လုံး (အခန်းအပူချိန်)

ဒိန်ချဉ်  –  ၁/၄ ခွက်

နွားနို့  –  ၁/၄ ခွက်

ဟင်းရွက်ဆီ  –  ၁/၃ ခွက်

သကြားရိုးရိုး  –  ၁/၂ ခွက်

ဘလူးဘယ်ရီသီး  –  ၁/၂ ခွက် (လတ်လတ်ဆတ်ဆတ်အသီး)

ပြုလုပ်နည်း

၁။       အိုးတစ်အိုးမှာ ဂျုံမှုန့်၊ ဘေကင်ပေါင်ဒါပွဆေးနှင့် ဆားတို့ကို ရောနှောပြီး သမအောင် မွှေပါ။

၂။       နောက်အိုးကြီးတစ်အိုးမှာ ကြက်ဥတစ်လုံးကို ခေါက်ထည့်ပြီး ဒိန်ချဉ်၊ နွားနို့၊ ဟင်းရွက်ဆီ၊ သကြားတို့နှင့် ရောနှောသွားအောင် လျှပ်စစ်လက်မွှေတံ Hand Mixer နဲ့ ၂ မိနစ်ခန့် မွှေပါ။

၃။       ဂျုံမှုန့်အရောအနှောရဲ့ ၁/၄ ပုံကို ကြက်ဥအရောအနှောထဲ လောင်းထည့်ပြီး ဇွန်းကြီးတစ်ချောင်းနဲ့ Fold လုပ်ပေးပါ။ (လျှပ်စစ်လက်မွှေတံ မသုံးရပါ။)

၎။       ကျန်ရှိတဲ့ ဂျုံမှုန့်အရောအနှောကို လောင်းထည့်ပြီး သမအောင် Fold လုပ်ပေးပါ။ မုန့်နှစ်ရည်ကို ရလာပါမယ်။

၅။       Donut Pan ကို ထောပတ် (သို့) Cooking Spray သုတ်လိမ်းပြီး Fresh Blueberry သီးကို Donut Pan ထဲ အညီအမျှ ခွဲထည့်ပါ။

၆။       မုန့်နှစ်ရည်ကို Zip ပါတဲ့ ပလတ်စတစ်အိတ်ထဲ လောင်းထည့်ပြီး အိတ်ရဲ့ အစွန်းတစ်ဖက်ကို ကတ်ကြေးနဲ့ ထောင့်သေးသေး ညှပ်ထုတ်ပါ။

၇။       မုန့်နှစ်ရည်ကို Zip ထဲ အညီအမျှ ညှစ်ထည့်ပါ။

၈။       အာဗင်ကို 350˚F (180˚C)  ချိန်ပြီး Preheat ၁၀ မိနစ် လုပ်ပြီးလျှင် မုန့်ဗန်းကို ၁၀ မိနစ် (သို့) ၁၅ မိနစ်ခန့် ဖုတ်ပါ။

၉။       တုတ်တံချောင်းသေးသေးနဲ့ မုန့်သားကို ထိုးစိုက်ပြီး အထုတ်မှာ မုန့်သားကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်က ထုတ်ပြီး အအေးခံကာ Donut များကို ပြောင်းပြန်လှန်ပေးပြီး သုံးဆောင်ပါ။ (Blueberry သီးက အောက်ခြေမှာ အထိုင်ကျလို့ ပြောင်းပြန်လှန်လျှင် ပိုပြီး လှပါမယ်။)

Facebook Comments

Menu