Elixir of Love

by Bartender Pyone for Food Magazine

          ပထမဆုံးတစ်ခုအနေနဲ့ကတော့ အထူးသဖြင့် ယောကျာ်းလေးတွေ အကြိုက်တွေ့နိုင်မယ့်  ကော့တေးလ် လေးပါပဲ။ ရမ်ကို အခြေခံထားပြီးတော့ အခြားသော Amaretto Liqueur နဲ့ White Cream De Cacao တို့ ပေါင်းစပ်ပါဝင်လို့ အဲဒါရဲ့အရသာက ပြောရမယ်ဆို ချိုမြမြ မွှေးပျံ့ပျံ့နဲ့ ညနေခင်း အပျင်းပြေ ဝိုင်းဖွဲ့သောက်ကြမယ်ဆိုရင် တကယ်ကို လိုက်ဖက်မှာကတော့ ငြင်းမရပါဘူး။ ကဲ… ဘာတွေကို ဘယ်လိုဖျော်ရင်ကောင်းမလဲလို့ ကြည့်ကြရအောင်ပါ။

ပါဝင်ပစ္စည်းများ

White Rum  –  20 ml

Amaretto  –  40 ml

White Cream  De Cacao  –  20 ml

Fresh Lime Juice  –  10 cl

Sugar Syrup  –  10 cl

ပြုလုပ်နည်း

           ကဲ… လိုအပ်တဲ့အရာတွေ စုံပြီဆိုရင်တော့ စပြီး ဖျော် ကြည့်ရအောင်ပါ။ အရမ်းကိုလွယ်ကူတဲ့ ကော့တေးလ်လေးပါပဲ။ ကော့တေးလ်ဖျော်မယ့် Shaker ထဲကို ရမ်နှင့် ပါဝင်ပစ္စည်းလေးများကို  အချိုးကျထည့်ပြီး  ရေခဲလေး၊ ငါးတုံးခန့် ထည့်ကာ ခပ်ပြင်းပြင်းရှိတ်ပြီး ဖော်ပြပါဖန်ခွက်ကလေးထဲကို ထည့်ကာ အသင့်သုံးဆောင်နိုင်ပါပြီ။ ရမ်ရဲ့ ခါးဆိမ့်ဆိမ့် အရသာလေးကို Amaretto Liqueur နဲ့ White Cacaoတို့က ပေါင်းစပ်ပေးထားလို့ ကော့တေးလ်မှ ကော့တေးလ်ဆိုတဲ့ လူတွေကိုတောင် အကြိုက်တွေ့စေလိမ့်မယ်လို့ ထင်ပါတယ်။

          ကဲ… ကော့တေးလ်များသောက်ပြီး လန်းလိုက်ကြရအောင်ပါ။

Facebook Comments