Easy Diet Mango Pudding (လွယ်ကူမြန်ဆန်တဲ့ သရက်သီးပူတင်း)

by Dexter Bistro for Food Magazine

လုပ်ရလည်း အရမ်းလွယ်၊ လုပ်ရင်လည်း အရမ်းမြန်၊ လိုတဲ့ပစ္စည်းနည်းနည်းလေးနဲ့ Diet လုပ်သူတွေ၊ Gym ဆော့သူ တွေအတွက် Happiness လေး တစ်ခုပါ။

ကျန်းမာရေးအတွက် သုံးဆောင်ချင်သူတွေအတွက်လည်း ထာဝရအဖော်မွန်လေးပါ။

ပါဝင်ပစ္စည်းများ

သရက်သီးအနှစ် –  ၂ ခွက်

Greek Yogurt (ဂရိဒိန်ချဉ်) –  ၁ ခွက်

ရေနွေးပူပူ –  ၁/၂ ခွက်

Gelatine (unflavored) အမှုန့် –  စားပွဲဇွန်း ၁ ဇွန်း

ကြိုက်နှစ်သက်ရာသစ်သီး –  ပူတင်းအပေါ်မှာ အလှဆင်ရန်

ပြုလုပ်နည်း

၁။       ရေနွေးပူပူထည့်ထားတဲ့ ခွက်ထွဲ Gelatine အမှုန့်ထည့်၍ သမအောင် မွှေပြီး အအေးခံထားပါ။

(မှတ်ချက်- အချိန်ကြာကြာ အအေးမခံရပါ။Gelatine ကြောင့် အရောအနှော ခဲသွားနိုင်တယ်။)

၂။       Blender ထဲ သရက်သီးအနှစ်နဲ့ Greek Yogurt ကို ရောထည့်ပြီး သမအောင် ရောမွှေပါ။

၃။       Gelatine အရည်ကို လောင်းထည့်ပြီး သမအောင် ရောမွှေပါ။

၎။       မိမိစိတ်ကြိုက်ခွက်တွေထဲ အရောအနှောကို လောင်းထည့်၍ ရေခဲသေတ္တာထဲမှာ ၆ နာရီ (သို့) တစ်ညကြာထားပြီး အဆင်သင့်သုံးဆောင်နိုင်ပါပြီ။

Facebook Comments

Menu