East Meets West Pound Cake (ဂရင်းတီးချောကလက် ပေါင်ကိတ်)

by Dexter Bistro for Food Magazine

          Tea Lover နဲ့ Coffee Lover တွေအတွက် ကျွန်တော့်ရင်ထဲကနေ စိတ်ကူးလေးနဲ့ Fusion လုပ်ပေးလိုက်ပါတယ်။ ချစ်သူ ၂ ဦး အတူစားနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ချစ်ကြသူတိုင်းလည်း ဒီကိတ်မုန့်လေးတွေလို ၂ ခုပေါင်းမှ တစ်ခု မတူညီနိုင်တဲ့ ဘဝ ၂ ခုကို ပေါင်းစပ်ပေးလိုက်တာပါ။ ကမ္ဘာကြီးဟာ လုံးတယ်ဆိုရင် အရှေ့နဲ့အနောက်က  အဲဒီကိတ်မုန့်လေးလို ရင်ချင်း အပ်နေပါတယ်လို့ . . . ။

လိုအပ်သောပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး  –  ၂ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ထောပတ်  –  စားပွဲဇွန်း ၁၂ ဇွန်း

သကြားဖြူရိုးရိုး  –  ၁   ၁/၃ ခွက်

ကြက်ဥ (အလုံးကြီး)  –  ၂ လုံး (အခန်းအပူချိန်)

ဗနီလာအနံ့ရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နွားနို့  –  ၁/၂ ခွက်

မက်ချဂရင်းတီး ပေါင်ဒါမှုန့်  –  စားပွဲဇွန်း တစ်ဝက်

ကိုကိုးချောကလက်ပေါင်ဒါမှုန့်  –  စားပွဲဇွန်း တစ်ဝက်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       အိုးတစ်အိုးထဲ ဂျုံမှုန့်၊ ဘေကင်ပေါင်ဒါပွဆေးနှင့် ဆားတို့ကိုရောထည့်ပြီး သမအောင် မွှေပေးပါ။

၂။       နောက်အိုးကြီးတစ်အိုးထဲ ထောပတ်နှင့် သကြားဖြူကို ရောထည့်ပြီး လျှပ်စစ်လက်မွှေတံနဲ့ ထောပတ်အရောအနှောပွတက်ပြီး အရောင်ဖျော့လာသည်အထိ ၄ မိနစ်ခန့် မွှေပေးပါ။

၃။       ဗနီလာအနံ့ရည်ကိုထည့်ပြီး သမအောင် မွှေပေးပါ။

၎။       ကြက်ဥကို တစ်လုံးချင်း ခေါက်ထည့်ပြီး သမအောင်မွှေပေးပါ။

၅။       ဂျုံမှုန့်အရောအနှောတစ်ဝက်နှင့် နွားနို့တစ်ဝက်ခန့်ကို ရောထည့်ပြီး သမအောင် မွှေပေးပါ။

၆။       ကျန်ရှိတဲ့ ဂျုံမှုန့်နောက်တစ်ဝက်ကို လက်ကျန်နွားနို့တစ်ဝက်နှင့်အတူ ရောထည့် ပြီး သမအောင် ထပ်မွှေပေးပါ။ မုန့်နှစ်ရည်ကို ခွက် ၂ ခွက်ထဲ တစ်ဝက်စီအညီအမျှ ခွဲထည့်ပါ။

၇။       မက်ချဂရင်းတီးပေါင်ဒါမှုန့်ကို မုန့်နှစ်ရည်ခွက်တစ်ခွက်ထဲထည့်ပြီး ဇွန်းတစ်ချောင်းနဲ့ သမအောင် မွှေပါ။

၈။       ကိုကိုးချောကလက်ပေါင်ဒါမှုန့်ကို ကျန်ရှိသေးတဲ့ နောက်မုန့်နှစ်ရည်ခွက်ထဲထည့်ပြီး ဇွန်းနဲ့ သမအောင်မွှေပါ။

၉။       ဂရင်းတီးပေါင်ဒါမှုန့် မုန့်နှစ်ရည်နှင့် ကိုကိုးချောကလက်ပေါင်ဒါမှုန့် မုန့်နှစ်ရည်ကို ထောပတ်သုတ် လိမ်းထားတဲ့ (သို့)  ဏမေခာ့နညအ စက္ကူခင်းထားတဲ့ 5″ x 9″ Pound Cake Pan ထဲ မျဉ်းပြိုင် အနေအထား တစ်ချိန်တည်း အတူလောင်းထည့်ပါ။

၁၀။     အာဗင်ကို 350˚F (180˚F) ချိန်ပြီး ကြိုအပူပေးပြီးရင် Cake Pan ကို မိနစ် ၄၀ (သို့) ၄၅ မိနစ် ဖုတ်ပေးပါ။

၁၁။     မိနစ် ၃၀ နဲ့ ၃၅ မိနစ်အကြာမှာ မုန့်သားမျက်နှာပြင် ညိုလာရင် ငွေရောင်စက္ကူကို အပေါ်က ကာပေးပါ။ (မျက်နှာပြင်တူးခြင်းကို လျော့စေပါတယ်။)

၁၂။     တုတ်တံချောင်းနှင့် မုန့်သားအလယ်ကို ထိုးစိုက်ပြီး အထုတ်မှာ မုန့်သားကပ်မပါလာရင် Cake Pan ကို အာဗင်က ထုတ်ပြီး အအေးခံကာ စားသုံးနိုင်ပါပြီ။

Facebook Comments