Durian Marshmellow Flat Cupcake (မတ်မယ်လိုနှင့် ဒူးရင်းကပ်ကိတ်ပြား)

by Dexter (Bistro) for Food Magazine

          ဒူးရင်းသီး လုံးဝမပါဘဲ လုပ်ထားတဲ့ ဒူးရင်းသီးကပ်ကိတ်တစ်မျိုးပါ။ ထောပတ်၊ စားသုံးဆီကို လုံးဝမသုံးထားတဲ့ ကပ်ကိတ်တစ်မျိုးပါ။ Marshmellow လေးရဲ့ Oven အရည်ပျော် အရသာလေးက ဒူးရင်းသီးအဖတ်လေးများလားလို့ ထင်ယောင်ထင်မှားပေါ့။ ကျန်းမာရေးအတွက် (အချိုက လွဲလို့ပေါ့) အရမ်းကောင်းတဲ့ ကပ်ကိတ်တစ်မျိုးလို့ ကျွန်တော်အမှတ်ပေးပါရစေ။

လိုအပ်သောပစ္စည်းများ

ကြက်ဥ (အလုံးကြီး)  –  ၃ လုံး (အခန်းအပူချိန်)

သကြားဖြူရိုးရိုး  –  ၁ ခွက်

ပျားရည်  –  စားပွဲဇွန်း ၁ ဇွန်း

ဂျုံမှုန့်ရိုးရိုး  –  ၃/၄ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဒူးရင်းသီးအနံ့ရည်  –  ကိုယ့်စိတ်ကြိုက်အနံ့ရသည်အထိ ထည့်နိုင်ပါတယ်။

အဝါရောင် ဆိုးဆေး  –  ကိုယ့်စိတ်ကြိုက်အရောင်ရသည်အထိ ထည့်နိုင်ပါတယ်။

(Yellow Food Color)

သောက်ရေသန့်  –  ၁/၄ ခွက်

Marshmellow (မတ်မယ်လို)  –  စားပွဲဇွန်း ၁၂ ဇွန်း (အရွယ် အသေးဆုံးကို သုံးပါ)

ပြုလုပ်နည်း

၁။       ကြက်ဥ ၃ လုံးကို အိုးကြီးတစ်အိုးထဲထည့်ပြီး လျှပ်စစ်လက်မွှေတံ Hand Mixer နဲ့ Medium Speed မှာ ထားပြီး ၇ မိနစ်ခန့် ကြက်ဥ ၃ဆ ပွလာသည်အထိ မွှေပေးပါ။

၂။       သကြားဖြူရိုးရိုးကို လောင်းထည့်ပြီး စက္ကန့် ၃၀ မွှေပေးကာ ပျားရည်ကိုထည့်ပြီး နောက်ထပ် စက္ကန့် ၃၀ မွှေပေးပါ။

၃။       ဂျုံမှုန့်နဲ့ ဘေကင်ပေါင်ဒါပွဆေးကို သမအောင်ရောနှောပြီး ကြက်ဥသကြားဖြူ အရောင်အနှောအိုးထဲ ဖြည်းဖြည်းချင်း လောင်းထည့်ကာ သမအောင်မွှေပေးပါ။

၎။       ဒူးရင်းသီးအနံ့ရည်ကို ကိုယ့်စိတ်ကြိုက်အနံ့ရသည်အထိ ထည့်ပြီး သမအောင် မွှေပေးပါ။

၅။       အဝါရောင် Food Color ကို ကိုယ့်စိတ်ကြိုက်အရောင်ရသည်အထိ ထည့်ပြီး သမအောင် မွှေပေးပါ။

၆။       မုန့်နှစ်ရည်ပျစ်လာလျှင် သောက်ရေသန့်ကို ရောထည့်ပြီး ဇွန်းနဲ့ သမအောင်ရောမွှေ ပေးပါ။ (Hand Mixer မသုံးတော့ပါ)

၇။       မုန့်နှစ်ရည်ကို Cupcake စက္ကူခွက်ထည့်ထားတဲ့ ထဲ ၂/၃ ပုံ ပြည့်သည် အထိထည့်ပြီး Cupcake Pan ထဲ ၂/၃ ပုံပြည့်သည်အထိ ထည့်ပြီး Marshmellow ၁ ဇွန်းစီ ထည့်ပေးပါ။

၈။       ကျန်ရှိတဲ့ မုန့်နှစ်ရည်ကို Cupcake ခွက်တွေထဲ အပြည့်ထည့်ပေးပါ။

၉။       အာဗင်ကို 350˚F (180˚C) ကြိုအပူပေးပြီး မုန့်ဗန်းကို ၁၂ မိနစ် ဖုတ်ပေးပါ။

၁၀။     တုတ်တံချောင်းလေးနဲ့ မုန့်သားအလယ်ကိုထိုးစိုက်ပြီး အထုတ်မှာ မုန့်သားကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ကာ အအေးခံပြီး အဆင်သင့်စားသုံးနိုင်ပါပြီ။

www.facebook.com/Dexter Ng

Facebook Comments