Dry Mix Sour

 by Kelvin for Food Magazine

          ဒီ Cocktail လေးကတော့ Myanmar Dry Gin ကို အခြေခံပြီး ဖျော်စပ်ထားပါတယ်။ အရသာအနေဖြင့် ချိုပြီး ခါးသက်သက်နဲ့ Gin နှစ်သက်သူများကို ဆွဲဆောင်နေပါတယ်။

ပါဝင်ပစ္စည်းများ

Dry Gin  –  45 ml

Lime Wedges (သံပရာသီး)  –  4 or 5 wedges

Sugar  (သကြား)  –  2 tea spoon

Mint Leaves (ပူဒီနာ)  –  3 or 4 spring

          Garnish ကိုတော့ ပူဒီနာနဲ့ သံပရာသီးစိတ်လေးဆိုရင် ရပါပြီ။ Glass ကတော့ Rock Glass ကို သုံးပါ။

ပြုလုပ်နည်း

          ပြုလုပ်ပုံကတော့ Shaker ထဲသို့ Dry Gin 45 ml, Lime Wedges 4 or 5, Sugar 2 tea spoon, Mint Leaves 3 or 4 spring တို့ကိုထည့်ပြီး Muddler ဖြင့် အနည်းငယ် ခြေပါ။ ထို့နောက် Ice (ရေခဲ)ထည့်ပြီး Shake ပါ။ နောက်ဆုံးမှာတော့ မိမိသုံးမယ့် ခွက်ထဲသို့ ထည့်လိုက်ပြီး Dry Mix Sour ကို မြည်းစမ်းနိုင်ပါတယ်။

Facebook Comments