Double Layer Apple Poundcake (ပန်းသီး ၂ ထပ်ဆင့် ပေါင်ကိတ်)

by Dexter Bistro for Food Magazine

ပါဝင်ပစ္စည်းများ

သကြားဖြူရိုးရိုး  –  ၂/၃ ခွက်

ထောပတ် (အခန်းအပူချိန်)  –  စားပွဲဇွန်း ၈ ဇွန်း

ကြက်ဥ (အလုံးကြီး)  –  ၂ လုံး (အခန်းအပူချိန်)

ဗနီလာအနံ့ရည်  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

ဂျုံမှုန့်ရိုးရိုး  –  ၁  ၁/၂ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

နွားနို့  –  ၁/၂ ခွက်

ပန်းသီး  –  ၂ ခွက် (အခွံခြစ်ထုတ်ပြီး အတုံးသေးတုံး)

          (ပန်းသီးတုံးလေးများကို သကြား စားပွဲဇွန်း ၂ ဇွန်း၊ Cinnamon Powder လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သမအောင် ရောနှောပေးပါ)

Brown Sugar/Cinnamon Mixture လိုအပ်ပစ္စည်းများ

Light Brown Sugar  –  ၁/၃ ခွက်

Ground Cinnamon  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

ပြုလုပ်နည်း

၁။       အိုးတစ်အိုးထဲ သကြားဖြူနှင့် ထောပတ်ကို ရောပြီး လျှပ်စစ်လက်မွှေတံနဲ့ ၄ မိနစ်ခန့် မွှေပါ။

၂။       ကြက်ဥကို တစ်လုံးချင်း ခေါက်ထည့်ပြီး သမအောင် မွှေပါ။

၃။       ဗနီလာအနံ့ရည်ကို ထည့်ပြီး သမအောင် မွှေပါ။

၎။       နောက်အိုးတစ်အိုးထဲ ဂျုံမှုန့်နှင့် ဘေကင်ပေါင်ဒါပွဆေးကို ရောနှောပြီး သမအောင် မွှေပါ။

၅။       ဂျုံမှုန့်အရောအနှောနှင့် နွားနို့ကို ကြက်ဥအရောအနှောအိုးထဲ လောင်းထည့်ပြီး လျှပ်စစ်လက်မွှေတံနဲ့ သမအောင် မွှေပါ။

၆။       မုန့်နှစ်ရည်တစ်ဝက်ကို Parchment စက္ကူခင်းထားတဲ့ (5″x9″ Loaf Pan) ပေါင်ကိတ်ပဲန်ထဲ ထည့်ပြီး ပန်းသီးတုံးတစ်ခွက်ကို မျက်နှာပြင်ပေါ် အညီအမျှ ဖြန့်ထည့်ပေးပါ။

၇။       Brown Sugar/Cinnamon Mixture တစ်ဝက်ကို ပန်းသီးတုံးတွေအပေါ် အညီအမျှ ဖြူးပေးပါ။

၈။       ကျန်ရှိတဲ့ မုန့်နှစ်ရည်ကို လောင်းထည့်၍ မျက်နှာပြင်ကို ညီညာအောင် ညှိပေးပြီး ကျန်ရှိတဲ့ ပန်းသီးတစ်ခွက်ကို အညီအမျှ ဖြန့်ထည့်ပေးပါ။

၉။       ကျန်ရှိတဲ့ Brown Sugar/Cinnamon Mixture ကို ပန်းသီးတုံးတွေအပေါ် အညီအမျှ ဖြန့်ထည့်ပေးပြီး ပန်းသီးတုံးများကို မုန့်နှစ်ရည်ထဲဝင်အောင် အသာအယာဖိပေးပါ။

၁၀။     တုတ်တံချောင်းရှည်တစ်ခုနဲ့ မုန့်နှစ်ရည်ပေါ်က Brown Sugar/Cinnamon Mixture ကို Swirl လုပ်ပေးပါ။

၁၁။     Oven ကို 350˚F (180˚C) ကြိုအပူပေးပြီး Poundcake Pan ကို မိနစ် ၄၀ ခန့် ဖုတ်ပါ။

၁၂။     တုတ်တံချောင်းသေးတစ်ချောင်းနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ကြည့်ပြီး အထုတ်မှာ မုန့်သားကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်က ထုတ်ပြီး အအေးခံကာ အဆင်သင့် စားသုံးနိုင်ပါပြီ။

Facebook Comments