Double Dream

Double Dream

          နောက်ထပ်လာမယ့် ကော့တေးလ်လေးကတော့ အပြင်းတွေ မသောက်ချင်ဘူး။ သောက်လည်း မသောက်နိုင်ဘူးဆိုတဲ့ သူများအတွက် စဉ်းစားပေးထားပါတယ်။ ဒါပေမဲ့ Beer ကြိုက် တဲ့သူဖြစ်နေရင်တော့ အတိုင်းထက်အလွန်ပေါ့။ တချို့တွေကတော့ Beer ဆိုင်ရောက်ရင် ပေါက်စီဆိုတာ မှာသောက်တတ်ကြပါတယ်။ ပေါက်စီဆိုတာတော့ သိကြမယ်ထင်ပါတယ်နော်။ Beer ကို Rum တစ်ပက်၊ ဒါမဟုတ် Whisky တစ်ပက် ရောသောက်တာပါ ။ အဲဒါ ကြီးက ရိုးနေပါပြီ။ မေ့လိုက်ပါတော့။ ယခု Mojito ကော့တေးလ်ကို ပေါက်စီနဲ့ ရောသောက်ပါမယ်။ မမူးမှာတော့ မပူပါနဲ့နော်။ အလကားစတာပါ။ သူ့အရသာလေးက ချိုချဉ်မွှေးတေးတေးနဲ့ အဝင်ကောင်းသလို အေးအေးဆေးဆေး စကားတပြောပြောနဲ့  ဇိမ်ခံသောက်လို့ကောင်းတဲ့ ကော့တေးလ်လေးပါနော်။ တကယ်ကို အပြင်းမကြိုက်သူတွေအတွက် သင့်တော်ပါတယ်။

   ပါဝင်ပစ္စည်းများ

♦   Vodka (ဗော့ဒ်ကာ)   –   ၄၀ မီလီ

♦   Yoma Beer Double Strong    –   ၂၀ဝ မီလီ

♦   (Carlsberg Beer)

♦   Mint Leaves (ပူဒီနာ)   –   ၃ ပင်ခန့် (အရွက်များများ)

♦   Lime (သံပရာသီး)   –   ၂ စိတ်ခန့်

♦   Sugar (သကြား)   –    လက်ဖက်စားဇွန်း တစ်ဝက်

ပြုလုပ်နည်းအဆင့်ဆင့်

          ပထမဦးစွာ သံပရာသီးတခြမ်းကို အစိတ် ၄ စိတ်ခန့် စိတ်ထားပါ။ ပြီးလျှင် ရေစင်စင်ဆေးထားသော ပူဒီနာ ၃ ပင်ခန့်ကို အရွက်ကလေးမျာြးွေခယူပြီး ဖော်ပြပါ ဖန်ခွက်ထဲသို့ ထည့်လိုက် ပါ။ ပြီးလျှင် သကြားဖြူ လက်ဖက်စားဇွန်းနှင့် တစ်ဇွန်းဝက်ခန့် ကို စောစောက သံပရာသီးခြမ်းလေးများထည့်ပြီး Muddler နှင့် အနည်းငယ်ကြိတ်ခြေလိုက်ပါ။ အရမ်းကြီး ကြေမွသွားဖို့ မလိုပါ ဘူးနော်။ အနံ့အရသာ အနည်းငယ်ထွက်လာလျှင် တော်ပါပြီ။ ပြီးလျှင် ရေခဲအကြေအခဲသေးသေးလေးတွေကို ဖန်ခွက်ထဲ ထည့်ပြီး Vodka ကို ဖော်ပြပါ အချိုးအစားအတိုင်း ချိန်တွယ် ထည့်လိုက်ပါနော်။ နောက်ဆုံးအနေနဲ့ အပေါ်ကနေ ဘီယာကို လောင်းထည့်ပြီးပါက လုံးဝပြည့်စုံသွားပြီဖြစ်ပါတယ်။ ဒီကော့ တေးလ်လေးအတွက်ကိုတော့ Carlsberg ကထုတ်တဲ့ Yoma Double Strong ပေးပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ Alcohol က ၆.၅ ရာခိုင်နှုန်းတောင်ပါတာဖြစ်လို့ သာမန် Beer တွေထက် Flavor တက်သလို အယ်လ်ကိုဟော ပမာဏ လျှော့ထားတဲ့ ဒီကော့တေးလ်လေးအတွက်ကိုတော့ လိုက်ဖက်တဲ့ တွဲဖက်မှု တစ်ခုပဲ ဖြစ်ပါတယ်။ သို့သော် ကန့်သတ်ထားတာတော့ မဟုတ်ပါဘူး။ မိမိကြိုက်နှစ်သက်ရာ အဆင်ပြေမယ့် Beer သုံးမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ကဲ… Beerhito ကော့တေးလ်လေးသောက်ပြီး အပြတ်လန်းနိုင်ကြပါစေ။

♦  Pyone   ♦

Vol 6, No 9, September, 2017 လထုတ် Food Magazine

Facebook Comments