Double Chocolate Mayonnaise Cupcake (ချောကလက် ၂ မျိုး မရောနိစ်ကပ်ကိတ်)

by Dexter’s Bistro for Food Magazine

          ချောကလက်အမှုန့်နဲ့ လုပ်ထားတဲ့ ကပ်ကိတ်ကို Mini Chocolate Chip လေးတွေနဲ့ ချောကလက်အရသာ ၂ မျိုး ထင်ပေါ်အောင် လုပ်ထားပေးတယ်။

ပါဝင်ပစ္စည်းများ

ရိုးရိုးဂျုံမှုန့်  –  ၂ ခွက်

သကြားဖြူရိုးရိုး  –  ၁ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဘေကင်ဆော်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

Cocoa Powder  –  စားပွဲဇွန်း ၂ ဇွန်း

မရောနိစ်  –  ၁ ခွက်

နွားနို့  –  ၁ ခွက်

White Chocolate Chips  –  ၃/၄ ခွက်

(၁/၂ ခွက်ကို မုန့်နှစ်ရည်ထဲ ရောထည့်မွှေပြီး ၁/၄ ခွက်ကို မုန့်ခွက်အပေါ်တင်ပါ)

ပြုလုပ်နည်း

၁။       အိုးကြီးတစ်အိုးထဲ ဂျုံမှုန့်၊ သကြား၊ ဘေကင်ပေါင်ဒါပွဆေး၊ ဘေကင်ဆော်ဒါ ပွဆေး၊ ဆားနှင့် Cocoa Powder တို့ကို ရောထည့်၍ သမအောင် မွှေပြီး ဆန်ခါစစ်ချပါ။

၂။       အိုးသေးတစ်အိုးထဲ မရောနိစ်နှင့် နွားနို့ကို ရောထည့်ပြီး သမအောင် မွှေပါ။

၃။       မရောနိစ်နှင့် နွားနို့အရောအနှောကို ဂျုံမှုန့်အရောအနှောထဲ လောင်းထည့်ပြီး လျှပ်စစ်လက်မွှေတံနဲ့ သမအောင် မွှေပါ။ (Over Mix မလုပ်ရပါ။)

၎။       White Chocolate Chip ခွက်တစ်ဝက်ကို လောင်းထည့်ပြီး ဇွန်းကြီးတစ်ချောင်းနဲ့ သမအောင် မွှေပါ။ (Over Mix မလုပ်ရပါ။)

၅။       အရောအနှောကို ကပ်ကိတ်စက္ကူခွက် ခင်းထည့်ထားတဲ့ ကပ်ကိတ်ဗန်းထဲ ၃/၄  ပြည့်တဲ့အထိ အညီအမျှ ဖြည့်ထည့်ပါ။

၆။       ကျန်ရှိတဲ့ White Chocolate Chip ၃/၄ ခွက်ကို ကပ်ကိတ်ခွက်တွေအပေါ် အညီအမျှထည့်ပြီး လက်သန်းနဲ့ ဖွဖွဖိချပေးပါ။ (ကပ်ကိတ် ၁၂ ခွက် ရပါမယ်။)

၇။       အာဗင်ကို 350˚F (180˚C) ချိန်ပြီး ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကို ထည့်၍ ၂၅-၃၀ မိနစ်ခန့် ဖုတ်ပါ။

၈။       တုတ်တံချောင်းသေးနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ကြည့်ပြီး အထုတ်မှာ မုန့်သား ကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ပြီး အအေးခံကာ အဆင်သင့် စားသုံးနိုင်ပါပြီ။

Facebook Comments

Menu