Diet Mango Pound Cake (အလေးချိန်လျှော့ သရက်သီးပေါင်ကိတ်)

by Dexter Bistro for Food Magazine

လုံးဝဆီမပါ၊ လုံးဝ ထောပတ်မသုံးဘဲ လုပ်ထားတဲ့ အဲဒီပေါင်ကိတ် ကိုတော့ Diet လုပ်သူတွေ၊ Gym ဆော့သူတွေနဲ့ ကျန်းမာရေးလိုက်စားသူ တွေ ကြိုက်ကြမှာ အမှန်ပါပဲ။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး –  ၂ ခွက်

ဘေကင်ပေါင်ဒါ –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

သကြားဖြူရိုးရိုး –  ၁  ၁/၂ ခွက်

ကြက်ဥ –  ၄ လုံး (အလုံးကြီး) (အခန်းအပူချိန်)

သရက်သီးအနံ့ရည် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သရက်သီးအတုံး –  ၁ ခွက် (၃/၄ ခွက် – မုန့်နှစ်ရည်ထဲထည့်ရန်၊

၁/၄ ခွက် – မုန့်နှစ်ရည်အပေါ် ထည့်ရန်)

ပြုလုပ်နည်း

၁။       အိုးတစ်အိုးထဲ ဂျုံမှုန့်နှင့် ဘေကင်ပေါင်ဒါမှုန့်ကို ရောထည့်ပြီး သမအောင် မွှေပါ။

၂။       နောက်အိုးတစ်အိုးထဲ သကြားဖြူနှင့် ကြက်ဥကို ရောထည့်ပြီး လျှပ်စစ်လက်မွှေတံနဲ့

၅ မိနစ်ခန့် မွှေပါ။ သရက်သီးအနံ့ရည်ကို ထည့်ပြီး သမအောင် မွှေပါ။

၃။       ဂျုံမှုန့်အရောအနှောကို သကြားဖြူ ကြက်ဥအရောအနှောထဲ လောင်းထည့်ပြီး လျှပ်စစ် လက်မွှေတံနဲ့ သမအောင် မွှေပါ။ (မှတ်ချက် – Over Mix မလုပ်ရပါ။)

၎။       သရက်သီးအတုံး ၃-၄ ခွက်ကို မုန့်နှစ်ရည်ထဲ လောင်းထည့်ပြီး ဇွန်းကြီးတစ်ချောင်းနဲ့ သမအောင် Fold လုပ်ပေးပါ။

၅။       မုန့်နှစ်ရည်ကို ထောပတ်သုတ်ထားတဲ့ (သို့) ပါ့ခ်ျမန့်စက္ကူခင်းထားတဲ့ ၅” x ၈  ၁/၂” ပေါင်ကိတ်ဗန်းထဲ လောင်းထည့်ပြီး ကျန်ရှိတဲ့ သရက်သီးအတုံးများကို မုန့်နှစ်ရည် မျက်နှာပြင်ပေါ်  အညီအမျှ စီထည့်ပေးပါ။ ပွပွလေး ဖိချပ်ပေးပါ။

၆။       အာဗင်ကို 340˚F (170˚C) ကြိုအပူပေးပြီး မုန့်ဗန်းကို မိနစ် ၅၀ ခန့် ဖုတ်ပါ။

၇။       တုတ်တံချောင်းသေးတစ်ချောင်းနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ပြီး အထုတ်မှာ မုန့်သား ကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်က ထုတ်ပြီး အအေးခံကာ အဆင်သင့် စားသုံး

နိုင်ပါပြီ။

Facebook Comments