Devil Chocolate Cupcake Square (ဒဲဗွဲချောကလက် လေးထောင့်ကပ်ကိတ်)

by Dexter Bistro for Food Magazine

          မရောနိစ်နဲ့လုပ်တဲ့ လေးထောင့်ကပ်ကိတ်ကို ချောကလက်မုန့် ထည့်လုပ်ပြီး ချောကလက်ဂနပ်ချ (ချောကလက်ကို အပူနှစ်ထပ်စနစ်ဖြင့် အရည်ဖျော်ထားသော အရည်) လောင်းထည့် (သို့) ချောကလက် အိုင်းစင်း ဆွဲပြီး ချောကလက်ထပ်ကာ တန်ဆာဆင်ပြီး လုပ်ထားတဲ့ ကပ်ကိတ်မို့ ချောကလက်ကြိုက်သူတွေအတွက်တော့ နိဗ္ဗာန်ပေါ့။

ပါဝင်ပစ္စည်းများ

ရိုးရိုးဂျုံမှုန့်  –  ၂ ခွက်

သကြားဖြူရိုးရိုး  –  ၁ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဘေကင်ဆော်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

Cocoa Powder  –  စားပွဲဇွန်း ၂ ဇွန်း

မရောနိစ်  –  ၁ ခွက်

နွားနို့  –  ၁ ခွက်

ဗနီလာအနံ့ရည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

Chocolate Icing  –  လိုအပ်သလောက် (အဆင်သင့်လုပ်ပြီးသား ချောကလက်အိုင်းစင်း)

Small Chocolate Pieces  –  လိုအပ်သလောက် (အတုံးသေးသေးတုံးထားတဲ့ ချောကလက်)

ပြုလုပ်နည်း

၁။       အိုးကြီးတစ်အိုးထဲ ဂျုံမှုန့်၊ သကြား၊ ဘေကင်ပေါင်ဒါပွဆေး၊ ဘေကင်ဆော်ဒါပွဆေး၊ ဆားနှင့် Cocoa Powder တို့ကို ရောထည့်၍ သမအောင်မွှေပြီး ဆန်ခါစစ်ချပါ။

၂။       အိုးသေးတစ်အိုးထဲ မရောနိစ်နှင့် နွားနို့ကို ရောပြီး သမအောင် မွှေပါ။

၃။       မရောနိစ်နှင့် နွားနို့အရောအနှောကို ဂျုံမှုန့်အရောအနှောထဲ လောင်းထည့်ပြီး လျှပ်စစ် လက်မွှေတံ (Hand Mixer) နဲ့ သမအောင် မွှေပါ။ (Over Mix မလုပ်ရပါ)

၎။       ဗနီလာအနံ့ရည်ကို ရောထည့်ပြီး သမအောင် မွှေပါ။ (Over Mix မလုပ်ရပါ)

၅။       ၄င်းအရောအနှောကို ပါ့ခ်ျမန်စက္ကူခင်းထားတဲ့ 8″ x 8″ Square Pan ထဲ လောင်းထည့်ပြီး မျက်နှာပြင်ကို ညီညာအောင်လုပ်ပေးပါ။

၆။       အာဗင်ကို 350˚F (180˚C) ချိန်၍ ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကို ထည့်ပြီး ၂၅ မိနစ်ခန့် ဖုတ်ပါ။

၇။       တုတ်တံချောင်းသေးနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ကြည့်ပြီး အထုတ်မှာ မုန့်သားကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ပြီး အအေးခံကာ အဆင်သင့်လုပ်ထားတဲ့ ချောကလက်အိုင်းစင်းကို ကိတ်မျက်နှာပြင်ပေါ်  ညီညီညာညာသုတ်လိမ်းပေးပါ။

၈။       အတုံးသေးသေးတုံးထားတဲ့ ချောကလက်ကို ကိတ်မျက်နှာပြင်ပေါ် အညီအမျှ ဖြူးထည့်ပေးပြီး ဓားထက်ထက်နဲ့ ၁၆ တုံး အညီအမျှ ခွဲစိတ်ကာ စားသုံးနိုင်ပါပြီ။

Facebook Comments