Dark & Light

Dark & Light

          အယ်ဒီတာက နောက်လအတွက် မော့တေးလ်ဖျော်ဖို့ လုပ်ထားပါဆိုတော့ ကိုယ့်မှာ ဈေးထဲကို ကပျာကယာလေးသွား။ ဘာအသီးအနှံလေးများ ပေါနေလဲ။ ဘာလေးနဲ့ ဖျော်ရင်ကောင်းမလဲ စနည်းနာရတော့တာပေါ့။ တွေ့ပါပြီ။ ဘယ်ကြည့်ကြည့် ဝိုင်းဝိုင်းရှည်ရှည်၊ ပုတိုဆိုဒ်မျိုးစုံ သရက်သီးတွေပဲဆိုတော့ ကိုယ့်မှာ သရက်သီးပါတဲ့ မော့တေးလ်လေးကို ဖျော်မိတာ အပြစ်မဟုတ်လောက်ပါဘူး။  ဒီမော့တေးလ်ပုံစံလေးကိုတော့ ဖျော်ကြည့်ချင်နေတာ ကြာပါပြီ။ တစ်ခါက သူငယ်ချင်းတွေနဲ့ သွားရင်း (ဘယ် Bar လည်းတော့ မသိတော့ပါ) တွေ့ခဲ့ကတည်းက မျက်စိကျနေခဲ့တာ။ ကဲ… ဘယ်လိုဖျော်ကြည့်ရင်ကောင်းမလဲ၊ ကြည့်ကြရအောင်ပါ။ လိုအပ်မယ့်ပစ္စည်းများကတော့ –

ပါဝင်ပစ္စည်းများ

Strawberry Syrup   –   ၁၂၀  မီလီ

Mango (သရက်သီး)   –   တစ်ခြမ်းခန့်

Mango Juice    –   ၁၂၀ မီလီ

Kiwi (ကီဝီသီး)   –   ၁ စချ

Kiwi Juice    –   ၁၂၀ မီလီ

ပြုလုပ်နည်းအဆင့်ဆင့်

          ဒီမော့တေးလ်လေး ဖျော်မယ်ဆိုရင်တော့ Blender သစ်သီးဖျော်စက်တစ်လုံးတော့ မဖြစ်မနေ လိုပါလိမ့်မယ်။  အားလုံး စုံပြီဆိုရင်တော့ စဖျော်ကြည့်ရအောင်ပါ။ ပထမဦးစွာ စိန်တစ်လုံး သရက်သီး တစ်ခြမ်းခန့်ကို အစိတ်သေးသေးလေးတွေစိတ်ပြီး Blender ထဲ ထည့်လိုက်ပါ။ ပြီးလျှင် သရက်သီးဖျော်ရည် အနည်း ငယ်ကို ပါဝင်အချိုးအစားအတိုင်းထည့်ပြီး ရေခဲနှစ်တုံးခန့်နှင့် စက္ကန့်အနည်းငယ်ခန့် ကြိတ်ခြေကာ ခွက် တစ်ခွက်နှင့်  ဖယ်ထားပါ။ ပြီးလျှင် Blender ကို ဆေးပြီးပါက အခွံစင်စင်နွှာထားသော ကီဝီသီးတစ်လုံးလုံးကို အစိတ်သေးသေးလေးများစိတ်ပြီး စတော် ဘယ်ရှီ Syrup နှင့် ကီဝီ Juice  တို့ကိုထည့်ကာ ရေခဲ နှစ်တုံးခန့်နှင့် စောစောကလို ကြေညက်သွားအောင် ခပ်ကြာကြာလေး Blend လိုက်ပါ။ ပြီးလျှင် ဖန်ခွက်တစ်လုံးထဲ ထည့်ပါ။ အချိုကြိုက်လျှင် သကြားရည် အနည်းငယ်စီ ထည့်နိုင်ပါတယ်။ ထို့နောက် ပုံမှာပြထားတဲ့ ဖန်ခွက်ကလေးထဲကို အပေါ်ကနေ တစ်ပြိုင်နက် စောစောက ဖျော်ထားသော ဖျော်ရည်နှစ်မျိုးစလုံးကို ဖြည်းညင်းစွာ လောင်းထည့်လိုက်ပြီးပါက အသင့်သောက်လုံးလို့ရသော Fancy Mocktail လေးတစ်ခွက် ရပါပြီ။

Pyone

Vol 6, No 9, September, 2017 လထုတ် Food Magazine

Facebook Comments