Cruffin

by EVY’s Kitchen for Food Magazine

          ဒီမုန့်ကတော့ Croissant နဲ့ Muffin ကို ၂ မျိုးရောထားတဲ့ မုန့်ပါ။ မုန့်သားအလွှာလေးများစွာပါဝင်ကာ အထဲမှာ ချောကလက်၊ စတော်ဘယ်ရီ ဒါမှမဟုတ် Curd တစ်မျိုးမျိုး ထည့်သွင်းလေ့ရှိပြီး အပေါ်မှ Icing Sugar ကို ဖြူးစားလေ့ရှိပါတယ်။

ပါဝင်ပစ္စည်းများ

ပေါင်မုန့်ဂျုံ  –  ၂၅၀ ဂရမ်

ကိတ်ဂျုံ  –  ၉၀ ဂရမ်

နို့မှုန့်  –  ၁၅ ဂရမ်

သကြား  –  ၄၀ ဂရမ်

Yeast  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ

ကြက်ဥ  –  ၁ လုံး

ရေ  –  ၁၇၀ မီလီလီတာ

ထောပတ် (Unsalted Butter)  –  ၅၀ ဂရမ်

ပေါင်မုန့်အဆာသွတ်ရန်အတွက်

နှစ်သက်ရာ ခရင်မ်တစ်မျိုးမျိုး (သို့) စတော်ဘယ်ရီယို

Unsalted Butter  –  စားပွဲဇွန်း ၁၀ ဇွန်းခန့်

ပေါင်မုန့်ပြုလုပ်နည်း

၁။       ထောပတ်ကလွဲပြီး ကျန်တဲ့ပစ္စည်းများအားလုံးကို ရောမွှေကာ နယ်ပေးပါ။

၂။       ၁၀ မိနစ်ခန့်ကြာပြီး ဂျုံသားရလာပြီဆိုလျှင် ထောပတ်ကို ထည့်မွှေပြီး နယ်ပေးပါ။

၃။       ဂျုံသားကို လက်နဲ့ဆွဲကြည့်လိုက်လို့ ပြတ်မထွက်လျှင် ပါးပါးလေးရသည်အထိ နယ်ရပါမယ်။ အချိန် မိနစ် ၂၀ ခန့် ကြာပါတယ်။

၎။       ပြီးလျှင် မုန့်သားအဆင်သင့်ဖြစ်ပါပြီ။ ရလာတဲ့ မုန့်သားကို ဆီဆွတ်ထားတဲ့ ဇလုံတစ်လုံးထဲမှာ အဖုံးအုပ်ပြီး ၂ ဆ ဖြစ်လာသည်အထိ ထားပါ။

၅။       ၁ နာရီခန့်ကြာပြီး မုန့်သားပွလာပြီဆိုလျှင် ပြန်ဖိချကာ လေများ ထွက်အောင် လုပ်ပေးပါ။

၆။       ပြီးလျှင် ဂျုံသားကို အပိုင်း ၁၀ ပိုင်း အညီအမျှ ပိုင်းပေးပါ။

၇။       ပုံပါအတိုင်း တလိမ့်တုံးနှင့် လှိမ့်ပေးပြီး ထောပတ် စားပွဲဇွန်း ၁ ဇွန်းစာကို ဘရပ်ရှ်နှင့် သုတ်ကာ ပြန်လိပ်ပေးပါ။

၈။       ကျန်ဂျုံသားများကိုလည်း အဲဒီနည်းအတိုင်း ပြုလုပ်ပေးပါ။

၉။       ရလာတဲ့ မုန့်များကို ထပ်ပြီး ရှည်ရှည်လေးဖြစ်အောင် အသာလှိမ့်ပေးပါ။

၁၀။     ဓားထက်ထက်နှင့် အလယ်မှဖြတ်ကာ ပုံမှာပြထားတဲ့အတိုင်း ခွေပေးပြီး မုန့်ဖုတ်မယ့် Muffin ခွက်လေးတွေထဲ ထည့်ကာ ၂ ဆ ပွအောင်ထားပါ။

၁၁။     ၁၈၀ ဒီဂရီ အာဗင်မှာ ၁၇ မိနစ်ခန့် ဖုတ်ပေးလျှင် ရပါပြီ။

၁၂။     ရလာတဲ့မုန့်လေးတွေကို ဆီသုတ်ပေးပြီး လုံးဝအေးအောင် အအေးခံပါ။

၁၃။     အေးသွားလျှင် နှစ်သက်ရာ ခရင်မ်တစ်ခုခုဖြည့်ပြီး အပေါ်မှ သကြားမှုန့်ဖြူးကာ သုံးဆောင်နိုင်ပါပြီ။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments