Crispy Cheese Sandwish

by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine

ပါဝင်ပစ္စည်းများ

ပေါင်မုန့်  –  ၄ ချပ်

Cheese  –  ၂ ချပ်

ဂျုံ  –  စားပွဲဇွန်း ၃ ဇွန်း

ကြက်ဥ  –  ၂ လုံး

Bread Crumb  –  ၈၀ ဂရမ်

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

ကြက်သားမှုန့်

ပြုလုပ်ပုံအဆင့်ဆင့်

၁။       ဂျုံကို ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် ရောပြီး မွှေထားပါ။ ကြက်ဥကို ခေါက်ထားပါ။

၂။       ပေါင်မုန့်ထဲမှာ Cheese ညှပ်ပေးပါ။

၃။       ပြီးလျှင် ဂျုံကပ်၊ ကြက်ဥနှစ်၊ Bread Crumb ကပ်ပြီး ဆီပူပူမှာ ကြော်ပါ။

၎။       ပေါင်မုန့် ၂ ချပ် မကွာသွားအောင် ဂရုစိုက်ပြီး ဟိုဘက်ဒီဘက်လှန်ကာ အရောင်လှလာအောင် ကြော်ပါ။

၅။       ကြွပ်ပြီး အရောင်လှလာပြီဆိုလျှင် ဆီစစ်ထားပါ။

၆။       ပြီးလျှင် လိုသလိုလှီးဖြတ်ပြီး Mayonnaise (သို့) Tomato Ketchup တို့ဖြင့် တွဲပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments