Creamy Vegetarian Curry Pasta (သီးရွက်စုံဟင်းအီတလီခေါက်ဆွဲ) (သက်သတ်လွတ်)

by Myint Oo Thar for Food Magazine

သက်သတ်လွတ်ဟင်းရွက်စုံကို အခြေခံပြီး ဖန်တီးထားတဲ့ ဏေ်အေ ပါ။ ဟင်းအမျိုးအစားကတော့ မလေးရှားဟင်း အမျိုးအစားဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

အီတလီခေါက်ဆွဲခြောက် –  ၅၀ဝ ဂရမ်

ဂေါ်ဖီ –  ၃၀ဝ ဂရမ်

ပဲတောင့်ရှည် –  ၁၈၀ ဂရမ်

မုန်လာဥနီ –  ၂၅၀ ဂရမ်

ပဲပြား –  ၂ တုံး

ရှောက်ဘီလူးရွက် –  ၄ ရွက်

အုန်းနို့ –  ၄၀ဝ မီလီလီတာ

ရေ –  ၂၀ဝ မီလီလီတာ

ဆား –  လက်ဖက်ရည်ဇွန်း ၁   ၁/၂ ဇွန်း

သကြား –  စားပွဲဇွန်း ၁ ဇွန်း

ပဲငံပြာရည် –  စားပွဲဇွန်း ၁ ဇွန်း

ဆီ –  စားပွဲဇွန်း ၅ ဇွန်း

ကြက်ဥ –  ၃ လုံး (ပြုတ်ထားပါ) (မထည့်လည်း ရပါတယ်)

အနှစ်အတွက် ထောင်းရန် လိုအပ်တဲ့

ပါဝင်ပစ္စည်းများကတော့…

ကြက်သွန်နီ –  ၁၅၀ ဂရမ်

ကြက်သွန်ဖြူ –  ၂၀ ဂရမ်

ပတဲကော –  ၁၀ ဂရမ်

စပါးလင် –  ၂ ချောင်း

ငရုတ်သီးမှည့်အတောင့်ရှည် –  ၂ တောင့်

ငရုတ်သီးစိမ်း –  ၁၀ တောင့်

နနွင်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

နံနံစေ့ –  စားပွဲဇွန်း ၁ ဇွန်း (လှော်ထားပါ)

ငရုတ်သီးထောင်းအတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းများကတော့-

ငရုတ်သီးမှည့်အတောင့်ရှည် –  ၂ တောင့်

ငရုတ်စိမ်းအနီ –  ၂၀ တောင့်

ဆား –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပြုလုပ်နည်း

၁။       ပဲတောင့်ရှည်ကို အရှည်လိုက်ဖြတ်ထားပါ။ မုန်လာဥနီကို အခွံနွှာပြီး အကွင်းလိုက် လှီးထားပါ။ ဂေါ်ဖီကို သေးသေး လှီးထားပါ။

၂။       ပဲပြားကို လေးထောင့်အတုံးသေးသေး လှီးထားပါ။

၃။       အနှစ်အတွက် လှော်ထားတဲ့ နံနံစေ့ကို ထောင်းပါ။ ပြီးလျှင် ကြက်သွန်ဖြူ၊ စပါးလင်၊ ပတဲကောထည့်ပြီး ထောင်းပါ။

၎။       ညက်ပြီဆိုလျှင် နနွင်းမှုန့်နှင့် ငရုတ်သီးထည့်ပြီး ထောင်းပါ။

၅။       ဆီအိုးတည်ပြီး ပဲပြားကို နီညိုရောင်သန်းသည်အထိ ကြော်ပြီး ဆယ်ယူထားပါ။

၆။       ပြီးလျှင် ထောင်းထားတဲ့အနှစ် ထည့်ပြီး ဆီသတ်ပါ။

၇။       အနံ့မွှေးလာလျှင် အသင့်လှီးထားတဲ့ ဟင်းသီးဟင်းရွက်များ ထည့်ပြီး မွှေပါ။

၈။       ပြီးလျှင် အုန်းနို့ရည်ထည့်ပါ။ ဆူလာလျှင် ဆား၊ သကြားနှင့် ပဲငံပြာရည်တို့ကို ထည့်ပါ။

၉။       ကျန်နေတဲ့ ကြော်ပြီးသား ပဲပြားထည့်ပြီး ဟင်းသီးဟင်းရွက် နူးသည်အထိ ချက်ပါ။

၁၀။     ဏေ်အေ ပြုတ်ရန်အတွက် ရေနွေးအိုးတည်ပါ။ ရေဆူလျှင် ဏေ်အေ ထည့်ပြီး ပြုတ်ပါ။ အထုပ်မှာပါတဲ့ အညွှန်းအတိုင်း ဏေ်ေအေ က်က္တဲ့အထိ ပြုတ်ပြီး ဆယ်ယူထားပါ။

၁၁။     ငရုတ်သီးထောင်းရန်မှာ ငရုတ်သီးနှစ်မျိုးကို ဆားနှင့်ရောထောင်းပြီး ပန်းကန်လုံး အသေးထဲ ထည့်ထားပါ။

၁၂။     ကြက်ဥကို ပြုတ်ပြီး ဆယ်ယူထားပါ။ ပြီးလျှင် ၂ ခြမ်းခြမ်းထားပါ။

၁၃။     ပြီးလျှင် ပန်းကန်ထဲ တစ်ယောက်စာပြုတ်ထားတဲ့ ဏေ်အေ ထည့္ပါ။ ပြီးလျှင် ချက် ထားတဲ့ သီးရွက်စုံဟင်းလောင်းထည့်ပါ။ ပြီးလျှင် ကြက်ဥပြုတ်တစ်ခြမ်းနှင့် ငရုတ်သီးထောင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး သုံးဆောင်ပါ။

Facebook Comments