Cream Berry Lattle

Coffee_2

Coffee_3

Coffee_4

Coffee_5

          ဒီလ August မှာတော့ ကော်ဖီအေးလေးတစ်ခွက်ကို တင်ဆက်ပါမယ်။ အမည်ကိုတော့ Cream Berry Latte လို့ ပေးထားပြီး လူကြီးလူငယ်၊ ကျား/မ မရွေး ကြိုက်နှစ်သက်မယ့် ကော်ဖီလေးတစ်ခွက် ဖြစ်ပါလိမ့်မယ်။

          ကော်ဖီအေးဖြစ်ပေမယ့်လည်း လတ်ဆတ်တဲ့ Espresso ကော်ဖီကိုသုံးဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် Element ကုမ္ပဏီမှ ဖြန့်ချိတဲ့ လတ်ဆတ်စွာ လှော်ပြီးသား Element Coffee တံဆိပ်ကို အသုံးပြုမှာဖြစ်ပြီး ဒီကော်ဖီကတော့ အပူရော၊ အအေးပါ အသုံးပြုနိုင်တဲ့ Fresh Roasted 100% Arabica Coffee ဖြစ်ပါတယ်။ အခြားပါဝင်ပစ္စည်း များကတော့ U.S.A ထုတ် အရည်အသွေးကောင်း Davinci Gourment Caramel Sauce နဲ့ Davinic Strawberry Syrup တို့ကို သုံးသွားပါမယ်။ အသုံးပြုမယ့် ကော်ဖီစက်များကတော့ Element ကုမ္ပဏီမှ ဖြန့်ချိတဲ့ CONTI Espresso Machine ကော်ဖီဖျော်စက်နဲ့ Mazzer Espresso Grinder ကော်ဖီကြိတ်စက်တို့ဖြစ်ပြီး တင်ဆက်သွားမယ့် သင်တန်းကျောင်းနေရာကတော့ Element Coffee Academy (ECA) & Training Center မှာပဲ ဖြစ်ပါတယ်။ “Have a Great Coffee Day!” ပါ ပရိသတ်ကြီးရေ။

Cream Berry Lattle

►   ပါဝင်ပစ္စည်းများ

♦   Davinci Gourment Caramel Sauce   –   20 ml

♦   Davinci Gourment Strawberry Syrup –   15 ml

♦   Espresso Coffee   –   2 shots

♦   Milk   –   120 ml

♦   Ice Cube –   16 oz

►   ပြုလုပ်ပုံအဆင့်များ

၁။       ရောဖျော်မယ့်ခွက်ထဲသို့ Caramel Sauce ကို Espresso Coffee 2 Shots နှင့် ပေါင်းပြီးထည့်လိုက်ပါ။

၂။       သောက်သုံးမယ့် ဖန်ခွက်ထဲကို ရေခဲတုံးလေးများထည့်ပြီး ရောမွှေထားပြီးသား ပါဝင်ပစ္စည်းများကို ထည့်လိုက်ပါ။

၃။       Cold Milk နွားနို့အေးနဲ့ Strawberry Syrup တို့ကို ရောမွှေပြီး ခွက်ထဲသို့ အပေါ်မှ ဇွန်းခံပြီး အလွှာပေါ်အောင် ဖြည်းဖြည်းချင်း လျှောထည့်လိုက်ပါ။

၎။       အပေါ်ဆုံးမှ နွားနို့အမြှုပ်ကို ရေခဲဖုံးအောင် ဇွန်းဖြင့် ခပ်၍ တင်လိုက်ပါ။

Facebook Comments