Cookie Egg Tart (ကွတ်ကီး ကြက်ဥပူတင်းမုန့်)

by Dexter’s Bistro for Food Magazine

          Egg Tart က ဟောင်ကောင် တရုတ်လူမျိုးတွေရဲ့ မနက်စာနဲ့ ဒင်ဆမ်း (Dim Sum)တွေမှာ မပါမပြီး အမြဲစားသုံးကြတဲ့ ကြက်ဥအရသာ အပြည့်ရှိတဲ့ မုန့်တစ်မျိုးပါပဲ။ လုပ်ရိုး လုပ်စဉ် မုန့်သားအခွံကို အမေရိကန် ကွတ်ကီးဒိုး (American Cookie Dough) နဲ့ ဖျူးရှင်းလုပ်ပေးလိုက်တာပါ။ ကြက်ဥ Filling လေးကိုလည်း အရမ်းစားကောင်းအောင် ကြက်ဥများများနဲ့ လုပ်ပေးလိုက်ပါတယ်။

လိုအပ်သောပစ္စည်းများ

ပေါင်ဒါသကြားဖြူမှုန့်  –  ၁ ခွက် (Powder Sugar)

ဂျုံမှုန့်ရိုးရိုး  –  ၃ ခွက်

ထောပတ်  –  စားပွဲဇွန်း ၁၆ ဇွန်း (အတုံးသေးသေးတုံးပါ)

ကြက်ဥ (အလုံးကြီး)  –  ၁ လုံး (ကြိုခေါက်ထားပါ)

ဗနီလာအနံ့ရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သကြားဖြူ ရိုးရိုး  –  သုံးပုံနှစ်ပုံခွက်

ရေသန့်  –  တစ်ခွက်ခွဲ

ကြက်ဥ (အလုံးကြီး)  –  ၉ လုံး (ခေါက်ထားပါ)

ဗနီလာအနံ့ရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နို့စိမ်း (Evaporated Milk)  –  ၁ ခွက်

ပြုလုပ်နည်း

၁။       အိုးတစ်အိုးထဲ ပေါင်ဒါသကြားဖြူမှုန့်နှင့် ဂျုံမှုန့်ကို သမအောင်ရောပါ။

၂။       အတုံးသေးတုံးထားတဲ့ ထောပတ်ကို ရောထည့်ကာ ခက်ရင်းနှင့် ဖွပြီး ဂျုံမှုန့်၊ သကြား ဖြူမှုန့်နဲ့ သမအောင် ရောပေးပါ။

၃။       အရောအနှောက Crumb အတုံးသေးသေးလေးများ ဖြစ်လာလျှင် ကြက်ဥနှင့် ဗနီလာ အနံ့ရည်ကို ရောထည့်ပြီး သမအောင် ရောမွှေပါ။

၎။       အရောအနှောက စေးလာပြီး Moist ဖြစ်လာလျှင် တစ်လက်မခွဲအရွယ် ဘောလုံးလေးလို ဖြတ်ယူပြီး ပုံစံခွက် (Mold) ထဲ ဖြန့်ခင်းထည့်ပါ။

၅။       အနားသား ဘေးနံရံအထိရောက်အောင် မုန့်သားကို တွန်းရွှေ့ပေးပါ။

၆။       မုန့်ဗန်းပေါ် ၁ လက်မစီခြားပြီး စီထည့်ပေးပါ။

၇။       အိုးတစ်အိုးထဲ ရေသန့်နှင့် သကြားဖြူကိုရောကာ မီးဖိုပေါ် အပူပေးပြီး ဆူပါစေ။ သကြားလုံးဝ ပျော်ဝင်သွားလျှင် မီးဖိုပေါ်ကချပြီး အအေးခံပါ။

၈။       ကြက်ဥ ၉ လုံးကို ဆန်ခါစစ်ချပြီး သကြားရည်နဲ့ သမအောင် ရောပါ။

၉။       ဗနီလာအနံ့ရည်နှင့် နို့စိမ်းကို ရောထည့်ပြီး သမအောင် မွှေပါ။

၁၀။     ကြက်ဥအရောအနှောကို ဆန်ခါတစ်ခါ ပြန်စစ်ယူပြီး မုန့်ဗန်းပေါ်မှ မုန့်ခွက်များအပေါ် လေးပုံသုံးပုံ ပြည့်သည်အထိ လောင်းထည့်ပါ။

၁၁။     အာဗင်ကို 425˚ F (220˚C) ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကို ၁၃ မိနစ် ဖုတ်ပါ။

၁၂။     မုန့်အနားသား ညိုလာပြီး ကြက်ဥ Filling မျက်နှာပြင် နည်းနည်းဖောင်းပြီး တင်းလာလျှင် အာဗင်ကထုတ်ကာ အအေးခံပြီး စားသုံးနိုင်ပါပြီ။

www.facebook.com/Dexter Ng

Facebook Comments