Coffee Mayonnaise Cupcake Square (ကော်ဖီမရောနိစ် လေးထောင့်ကပ်ကိတ်)

by Dexter Bistro for Food Magazine

          မရောနိစ်ကပ်ကိတ်ကို ရိုးရိုးရှင်းရှင်းကော်ဖီမစ်ထည့်လုပ်ပေးထားတာမို့ ကော်ဖီကြိုက်သူတွေအတွက် အာသာပြေစေမယ့် ကပ်ကိတ်တစ်မျိုးပေါ့။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး  –  ၂ ခွက်

သကြားဖြူရိုးရိုး  –  ၁ ခွက်

ကော်ဖီမစ် (Coffee Mix)  –  ၁ ထုပ် (မိမိစိတ်ကြိုက်ကော်ဖီမစ်)

(ရေနွေးပူပူတစ်ခွက်နဲ့ ကြိုဖျော်ပြီး အအေးခံထားပါ)

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဘေကင်ဆော်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

မရောနိစ်  – ၁ ခွက်

ပြုလုပ်နည်း

၁။       အိုးကြီးတစ်အိုးထဲ ဂျုံမှုန့်၊ သကြား၊ ဘေကင်ပေါင်ဒါပွဆေး၊ ဘေကင်ဆော်ဒါပွဆေးနှင့် ဆားတို့ကို ရောထည့်၍ သမအောင် မွှေပြီး ဆန်ခါစစ်ချပါ။

၂။       အိုးသေးတစ်အိုးထဲ မရောနိစ်နဲ့ ကြိုဖျော်ပြီး အအေးခံထားတဲ့ ကော်ဖီမစ်ကို ရော၍ သမအောင် မွှေပါ။

၃။       မရောနိစ်နှင့် ကော်ဖီမစ်အရောအနှောကို ဂျုံမှုန့်အရောအနှောထဲ လောင်းထည့်ပြီး လျှပ်စစ်လက်မွှေတံ (Hand Mixer) နဲ့ သမအောင် မွှေပါ။ (Over Mix မလုပ်ရပါ)

၎။       ၄င်းအရောအနှောကို ပါ့ခ်ျမန်စက္ကူခင်းထားတဲ့ 8″ x 8″ Square Pan ထဲ လောင်းထည့်ပြီး မျက်နှာပြင်ကို ညီညာအောင် လုပ်ပေးပါ။

၅။       အာဗင်ကို 350˚F (180˚C) ချိန်၍  ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကို ထည့်ပြီး ၂၅ မိနစ်ခန့် ဖုတ်ပါ။

၆။       တုတ်တံချောင်းသေးနဲ့ မုန့်သားအလယ်ကို ထိုးစိုက်ကြည့်ပြီး အထုတ်မှာ မုန့်သား ကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ပြီး အအေးခံကာ ၁၆ တုံး အညီအမျှ ခွဲစိတ်ပြီး စားသုံးနိုင်ပါပြီ။

Facebook Comments