Coffee Flip

 

          ခုနောက်တစ်မျိုးဖော်ပြမယ့် ကော့တေးလ်လေးကတော့ မိုးရွာနေချိန်မှာ အသင့်တော်ဆုံးဖြစ်မယ့် ကော်ဖီကော့တေးလ်ပဲဖြစ်ပါတယ်။ သြဂုတ်လလိုမျိုး မိုးတွေ သဲသဲမဲမဲရွာတတ်တဲ့လမျိုးမှာ အိမ်မှာနေတဲ့အချိန် အရင်ဆုံးသတိရမိတာကတော့ ကော်ဖီပူပူလေးတစ်ခွက်ပဲဆိုတာကို ငြင်းနိုင်မယ်မထင်ပါဘူး။ စာရေးသူလိုမျိုး ကော်ဖီ Crazy တစ်ယောက်အတွက်ကတော့ ဒီလိုကော့တေးလ်မျိုးလေးကပါပဲ။ ကဲ ကော်ဖီချစ်သူများအတွက် ဝေမျှလိုက်ပါတယ်နော်။

►   ပါဝင်တဲ့ပစ္စည်းတွေကတော့

♦   Coffee Hot Brew   –   2 oz

♦   Peach syrup   –   10 ml

♦   Chocolate syrup   –   20 ml

♦   Grand Marnier   –   30 ml

♦   Whipped Cream   –   On top

►   ပြုလုပ်ပုံကတော့

          ရှေးဦးစွာ ချောကလက် Sauce ကို ပုံပါအတိုင်း ခွက်ထဲသို့ လှပအောင် Garnish ပတ်လိုက်ပါ။ ပြီးလျှင် ကော်ဖီ Balck ၊ Peach Syrup တို့ကို ဖော်ပြပါအချိုးအတိုင်း ခွက်ထဲသို့ ဖြည်းညှင်းစွာ လောင်းထည့်လိုက်ပါ။ Peach Syrup ကို ထည့်ရတဲ့ရည်ရွယ်ချက်ကတော့ ကော်ဖီရဲ့ ခါးသက်သက်နှင့် မွှေးတဲ့အနံ့လေးဟာ Peach ရဲ့ Fruity ဖြစ်တဲ့အနံ့နဲ့ တွဲမိသွားတဲ့အခါမှာ ပြိုင်ဘက်ကင်း မွှေးကြိုင်တဲ့အနံ့လေး ထွက်လာပါတော့တယ်။ အဲဒါကြောင့် ကော်ဖီနှင့်   Peach Syrup တို့ဟာ လိုက်ဖက်ညီတဲ့ အတွဲလေးပါပဲ။ ပြီးလျှင် Cognac Liqueur Cognac Liqueur တစ်မျိုးဖြစ်တဲ့ Grand Marnier ကို လောင်းထည့်ပါ။ Grand Marnier ဆိုသည်မှာ ကော့ညှက်နှင့် Orange Flavour ပေါင်းစပ်ထားသည့် Liqueur တစ်မျိုးပဲဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ အပေါ်က Whipping Cream ကို ဖြည်းညင်းစွာတင်ပြီးသည်နှင့် ပြီးပြည့်စုံသော ကော်ဖီကော့တေးလ် လေးတစ်ခွက်ရပါပြီနော်။ အချိုကြိုက်တဲ့သူတွေအတွက်ကတော့ သကြားထည့်ဖို့ မမေ့ပါနဲ့ဦးနော်။

Facebook Comments