Coffee Drinks

Coffee Drink_3

 

 

 

Coffee Drink_2

Coffee Drink_6

ဒီလရဲ့ Drink လေးကတော့ ဖေဖော်ဝါရီလမှာ မဖော်ပြနိုင်ခဲ့လို့ ယခုလမှ ဖော်ပြလိုက်ရခြင်းဖြစ်ပါတယ်။ Valentine’s Day အတွက် ရည်ရွယ်ထားပေမဲ့ ဘယ်အချိန်မှာ ပဲဖြစ်ဖြစ် ကိုယ်ချစ်ခင်နှစ်သက်သူများအတွက် ဖျော်စပ်ပေးနိုင်မဲ့ Drink လေးပဲဖြစ်ပါတယ်။ လူငယ်ချစ်သူစုံတွဲများသာမက လူကြီးလူလတ်ပိုင်းများ၊ မိမိတို့ မိသားစုဝင်များ၊ ချစ်ခင်ရတဲ့ သူငယ်ချင်းများနှင့်ပါ သောက်သုံးလို့သင့်တဲ့ Coffee Drink လေးတစ်ခွက်ကို ဖန်တီးမှာပါ။ ချစ်ခြင်းမေတ္တာတရားကို အခြေခံထားပြီး အသုံးပြုမယ့် ပါဝင်ပစ္စည်း များနှင့် အလှဆင်မယ့် အရောင်နဲ့ Decoration ပုံစံလေးတွေကိုပါ လိုက်ဖက်အောင် Love theme ကို အသုံးပြုသွားပါတယ်။

Valentine’s Day ပွဲတော်မှာ အသုံးပြုတဲ့ အရောင်တွေကတော့ အနီရောင်ဖြစ်တဲ့အတွက် U.S.A ထုတ် အရည်အသွေး Davinci Gourmet Raspberry Syrup နဲ့ Valentine’s Day ရဲ့ Signature လက်ဆောင်ပစ္စည်းဖြစ်တဲ့ Dark Chocolate Davinci Gourment Chocolate Sauce ကို အသုံးပြုမှာဖြစ်ပြီး Espresso ကော်ဖီကိုတော့ Element မှာ ရောင်းချပေးနေတဲ့ Circles Coffee Roaster မှ လတ်လတ်ဆတ်ဆတ် လှော်ထားပြီး အနံ့အရသာနဲ့ ပြည့်စုံကောင်းမွန်တဲ့ Arabica ကော်ဖီစစ်စစ်ကို အသုံးပြုထားပါတယ်။

အသုံးပြုမယ့် စက်ပစ္စည်းတွေကတော့ ပြင်သစ်နိုင်ငံထုတ် CONTI espresso machine ကော်ဖီစက်နဲ့ အီတလီနိုင်ငံထုတ် Mazzer espresso grinder ကော်ဖီကြိတ်စက် တို့ဖြစ်ပြီး ယခုပြင်ဆင်တင်ဆက်တဲ့ နေရာကတော့ Element Coffee Academy ကော်ဖီအဖျော်သင်တန်းကျောင်းမှာ ဖြစ်ပါတယ်။ အထက်ဖော်ပြပါ ပါဝင်ပစ္စည်းများနဲ့ စက်ပစ္စည်းများကိုတော့ Element Coffee Showroom မှာ လာရောက်လေ့လာနိုင်ပါ တယ်။ “Happy Valentine’s Day & have a great coffee!” ပါ စာဖတ်ပရိသတ်ကြီးရေ။

ပါဝင်ပစ္စည်းများ

♦    Davinci Gourmet Chocolate Sauce –        30 ml

♦    Davinci Gourmet Raspberry Syrup –        15 ml

♦   Espresso Coffee                     –        30 ml

♦    Cold Milk                             –        180 ml

ပြုလုပ်နည်း

၁။   ပထမဦးစွာ ဖျော်မည့်ခွက်ထဲသို့ Davinci Chocolate Sauce နှင့် Raspberry Syrup ကို ချဉ်၍ထည့်ပါ။

၂။   ထိုခွက်ထဲသို့ Espresso ကော်ဖီကို Espresso Machine မှ တိုက်ရိုက်ချလိုက်ပါ။

၃။   ပါဝင်ပစ္စည်းများအားလုံးကို ရောမွှေပါ။

၎။   ရေခဲသေတ္တာထဲ၌ အအေးခံထားသော နွားနို့အေးကို အဖျော်ဆရာ Barista သုံး Latte Art Pitdner (နွားနို့အမြှုပ်ရိုက်သော Steel ခွက်)ထဲ ထည့်ပြီး အမြှုပ် ညက်ညောသော နွားနို့ပူရ သည်အထိ အပူပေးပါ။

၅။   ထို Froth ရိုက်ထားသော နွားနို့အပူကို Espresso Chocolate Sauce နှင့် Raspberry Syrup တို့ ရောမွှေထားသော ခွက်ထဲသို့ နှံ့စပ်အောင် Pitcher ထဲမှ လောင်းချပြီး ပုံထဲရှိ Valentine’s Day နဲ့ လိုက်ဖက်တဲ့ အသည်းပုံ Latte Atr လေးများကို ပုံဖော်နိုင်ပါသည်။

Facebook Comments