
28 - August - 2017
ကော်ဖီကို မနက်စာနဲ့တွဲဖက်ပြီး အတော်များများ သောက်ကြပါတယ်။ ဒါပေမဲ့ ကော်ဖီရော မနက်စာပါ တစ်ပေါင်းတည်းရောပြီး တစ်ခါတည်းသောက်လို့ရမယ် ဆိုရင်ရော။ ဒီအတွေးစိတ်ကူးနဲ့ ဒီလဩဂုတ်လ ဖန်တီးမှုကို ပြုလုပ်ထားပါတယ်။ သောက်လို့လည်း အင်မတန် ကောင်းပြီး မနက်စာအဖြစ် အင်အားကို ပေးစေမယ့် Coffee Breakfast Smoothie ကတော့ ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ပရိုတင်းဓာတ်ပေးမယ့် ငှက်ပျောသီးနဲ့ သဘာဝ ပျားရည်စစ်စစ်၊ ချောကလက်၊ ကိုကိုးအမှုန့်၊ ဒိန်ချဉ်တို့နဲ့တွဲဖက်ပြီး လတ်လတ်ဆတ် ဆတ်ရယူမယ့် အက်စပရပ်စို ကော်ဖီတို့ကို သုံးမှာပါ။
အားလုံးကို သကြားရည်ထည့်စရာမလိုဘဲ ဖန်တီးထားတာဖြစ်တဲ့အတွက် သဘာဝအချိုဓာတ်ကို ရရှိနိုင်ပြီး အချိုရှောင်သူတွေအတွက်လည်း သင့်ပါတယ်။ ကော်ဖီနဲ့ ငှက်ပျောသီးတို့ တွဲဖက်ထားတဲ့အတွက် သောက်ပြီးရင် အားအင်ပြည့်စေပါတယ်။ Have a great coffee day! ပါခင်ဗျာ။
Coffee Breakfast Smoothie
► ပါဝင်ပစ္စည်းများ
♦ Espresso – ၆၀ မီလီလီတာ
♦ Banana (ငှက်ပျောသီး) – ၁ လုံး
♦ Honey (ပျားရည်) – ၁ အောင်စ
♦ Yogurt (ဒိန်ချဉ်) – စားပွဲဇွန်း ၂ ဇွန်း
♦ Coco Powder (ကိုကိုးပေါင်ဒါ) – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
♦ Ice (ရေခဲ) – ၁၀ အောင်စ
► ပြုလုပ်နည်းအဆင့်ဆင့်
၁။ Blender မွှေစက်ထဲသို့ ဒိန်ချဉ်၊ ငှက်ပျောသီး၊ ကိုကိုးအမှုန့်၊ ပျားရည်၊ အက်စပရပ်စိုနှင့် ရေခဲတို့ကို အားလုံးထည့်ပြီး ညက်ညော သည်အထိ ရောမွှေပါ။
၂။ သောက်မည့်ခွက်ထဲသို့ ရရှိမည့် အအေးကိုထည့်ပြီး အပေါ်ဆုံးမှ ငှက်ပျောသီးအကွင်းလေးများနှင့် အခြားသော အလှဆင်နိုင်မည့် Garnishing ကို တွဲဖက်တင်နိုင်ပါတယ်။
စာရေးသူ
ကိုဇော်ဘုန်း
Head of Element Coffee Academy (ECA)
facebook.com/element Myanmar
facebook.com/element Coffee Academy
၁၀၇ (က) ဓမ္မစေတီလမ်း၊ ကမာရွတ်မြို့နယ် ရန်ကုန်။
Ph : 01-524935 / 511118