Classic Egg Salad Sandwich (ခလဲ့ဆစ်ကြက်ဥ ဆဲန်ဒဝပ်ခ်ျ)

By Dexter Bistro for Food Magazine

          မန္တလေးမြို့က ကျွန်တော့်မုန့်တွေကို အွန်လိုင်းကနေရောင်းတာ အအောင်မြင်ဆုံး၊ အတွင်ကျယ်ဆုံး၊ အရောင်းရဆုံးအပြင် မြို့တကာ၊ နယ်အနှံ့ဝယ်သူအားပေးသူတွေကို စိတ်ရင်းစိတ်ထားစေတနာအပြည့်နဲ့ ရောင်းချပေးတဲ့ တပည့်မလေး Yuki Thiri ရဲ့ တောင်းဆိုမှုလေးပါ။ ကလေးကျောင်းအတွက် အော်ဒါ ၅၀ ရလို့ ကျွန်တော်သင်ပေးဖြစ်ခဲ့တဲ့ အရင်က ကျွန်တော် အမေရိကန်မှာဖွင့်ခဲ့တဲ့ ဒိုင်နာရဲ့ Classic Egg Salad Sandwich ပါ။

ပါဝင်ပစ္စည်းများ

ကြက်ဥ (အလုံးကြီး)  –  ၈ လုံး (ပြုတ်ပြီးသား)

မရောနိစ်အပျစ်  –  ခွက်တစ်ဝက်

(Thick Mayonnaise)   (မရောနိစ်ကျဲလျှင်  လေးပုံတစ်ပုံ ခွက်သုံးပါ)

မတ်စတတ်အဝါ (Yellowmustard)  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်နီ  –  ခွက်တစ်ဝက် (နုပ်နုပ်စဉ်းပြီးသား)

ဆား၊ ငရုတ်ကောင်းမှုန့်  –  စိတ်ကြိုက်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပြုတ်ပြီးသားကြက်ဥ ၈ လုံးကို အခွံနွှာပြီး အနှစ်နှင့် အကာ (Yolk နှင့် White) သီးသန့်ခွဲခြားပါ။

၂။       အကာကို အံစာတုံးအရွယ်အတုံးလေး ခုတ်စဉ်းပြီး အိုးတစ်အိုးမှာ မရောနိစ်၊ မတ်စတတ်အဝါနှင့် သမအောင် ရောနှောပေးပါ။

၃။       နုပ်နုပ်စဉ်းပြီးသား ကြက်သွန်နီကို ရောထည့်ကာ သမအောင် မွှေပြီးလျှင် ကြက်ဥအနှစ် (Yolk) ကို အတုံးလေခြေပြီး ရောထည့်ပေးပါ။

၎။       ဆားနှင့် ငရုတ်ကောင်းမှုန့် စိတ်ကြိုက်ထည့်ကာ သမအောင် ဖွဖွလေး ရောမွှေပေးပြီးလျှင် ကြိုက်နှစ်သက်ရာ ပေါင်မုန့် ၂ ချပ်ကြား ညှပ်ပြီး အမေရိကန် Classic Egg Salad Sandwich ကို အဆင်သင့်သုံးဆောင်နိုင်ပါပြီ။

Dexter Bistro
Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

Facebook Comments