Chocolate Potato Chip Square (ချောကလက်အာလူးကြော် စကွဲ)

by Dexter Bistro for Food Magazine

          အချိုစားပြီးရင် အငန်စားချင်ပြီး အငန်စားပြီးရင် အချိုစားချင်တာက လူ့ဓမ္မတာပါပဲ။ အဲဒီလိုမျိုး ၂ ခုကို တစ်ခုတည်းနဲ့ ခံစားနိုင်အောင် ဒီစကွဲ (Square) လေး လုပ်ပေးလိုက်ပါတယ်။ Chocolate ချိုခါးနဲ့ Potato အငန်အရသာလေးက အဖြေလေးပါ။

ပါဝင်ပစ္စည်းများ

ဂျုံမှုန့်ရိုးရိုး  –  ၂ ခွက်

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

ထောပတ်  –  စားပွဲဇွန်း ၁၂ ဇွန်း (အရည်ပျော်ထားပါ)

သကြားညို  –  ၁ ခွက်

ရိုးရိုးသကြားဖြူ  –  ၁/၂ ခွက်

ကြက်ဥ –  ၂ လုံး (အလုံးကြီး) (အခန်းအပူချိန်)

ဗနီလာအနံ့ရည် –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ချောကလက်အဖြူစေ့    –   ၁ ၁/၄ ခွက်

(၁ ခွက်ကို ရောနှောရန်၊ ၁/၄ ခွက်ကို အပေါ်တင်ရန်)

အာလူးကြော်  –  ၁ ၁/၄ ခွက် (ခြေပြီးသား)

(၁ ခွက်ကို ရောနှောရန်၊ ၁/၄ ခွက်ကို မုန့်နှစ်ပေါ်တင်ရန်)

ပြုလုပ်နည်း

၁။       အိုးတစ်အိုးမှာ ဂျုံမှုန့်၊ ဆား၊ ဘေကင်ပေါင်ဒါပွဆေးကို ရောထည့်ပြီး သမအောင် မွှေပါ။

၂။       နောက်အိုးတစ်အိုးမှာ ထောပတ်၊ သကြားညို၊ သကြားဖြူကို ရောနှောပြီး လျှပ်စစ် လက်မွှေတံနဲ့ ၃ မိနစ်ခန့် မွှေပါ။

၃။       ထောပတ်သကြားအရောအနှောအိုးထဲ ကြက်ဥနှင့် ဗနီလာအနံ့ရည်ကို ရောထည့်ပြီး သမအောင် မွှေပါ။

၎။       ဂျုံမှုန့်နှင့် ဆားအရောအနှောကို ရောထည့်ပြီး သမအောင် မွှေပါ။

၅။       ချောကလက်အဖြူစေ့ ၁ ခွက်ကို ရောထည့်ပြီး သမအောင် မွှေပါ။

၆။       ခြေပြီးသား အာလူးကြော် ၁ ခွက်ကို ရောထည့်ပြီး သမအောင် မွှေပါ။

၇။       မုန့်နှစ်ရည်ကို ပါ့ခ်ျမန်စက္ကူခင်းထားတဲ့ 8″ x 8″ Square Pan ထဲ လောင်းထည့်ပါ။

၈။       မျက်နှာပြင်ကို ညီအောင် ညှိပေးပြီး ကျန်ရှိတဲ့ ချောကလက်အဖြူစေ့ ၁/၄ ခွက်နှင့် အာလူးကြော် ၁/၄ ခွက်ကို မုန့်နှစ်ရည် မျက်နှာပြင်ပေါ်  အညီအမျှ စီထည့်ပါ။

၉။       အာဗင်ကို 350˚F (180˚C) ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကို ၂၅ မိနစ်ခန့် ဖုတ်ပါ။

၁၀။     မုန့်ဖုတ်နေတုန်း မိနစ် ၂၀ အကြာမှာ မုန့်သားမျက်နှာပြင် ညိုလာလျှင် Aluminium Foil အလူမီနီယမ်စက္ကူကို ဖွဖွလေး ကာပေးပါ။

၁၁။     တုတ်တံချောင်းတစ်ချောင်းနှင့် မုန့်သားအလယ်ကို ထိုးစိုက်ပြီး အထုတ်မှာ မုန့်သား ကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ပြီး အအေးခံကာ စားသုံးနိုင်ပါပြီ။

Facebook Comments