Chocolate Layer Cake

Chocolate Layer Cake

ချောကလက်အရသာ မုန့်သား၊ ချောကလက်အရက်နဲ့ ချောကလက်ွ Ganache တို့ ပေါင်းစပ်ပြီး ပြုလုပ်ထားတဲ့ ချောကလက်ကိတ်ပါ။ စားလိုက်တာနဲ့ စိုစိအိအိနှင့် ချောကလက်အရသာအပြည့်ဖြစ်တာကြောင့် ချောကလက်ချစ်သူများ စိတ်ကျေနပ်မယ့် မုန့်ဆိုတာ သေချာပါတယ်။

   ပါဝင်ပစ္စည်းများ (၇ လက်မ ကိတ်တစ်လုံးစာ)

♦   ကြက်ဥ   –   ၃ လုံး

♦   သကြား   –   ၇၀ ဂရမ်

♦   ဂျုံ   –   ၇၀ ဂရမ်

♦   ကိုကိုးမှုန့်   –   ၁၀ ဂရမ်

♦   ပွဆေး (Baking Powder)   –   လက်ဖက်ရည်ဇွန်း တစ်ဝက်

♦   ဆီ    –   ၄၀ ဂရမ်

♦   ဗနီလာ   –

   Ganache အတွက်

♦   Dairy Whipping Cream    –   ၁၀ဝ ဂရမ်

♦   Semi Sweet Chocolate    –   ၂၂၀ ဂရမ်

♦   ထောပတ်    –   ၅၀ ဂရမ်

ခရင်မ်နဲ့  ချောကလက်ကို ပျော်အောင် မိုက်ခရိုဝေ့ဖ် သို့မဟုတ် ရေနွေးငွေ့နှင့် အပူပေးပြီး ချောကလက်ပျော်သွားလျှင် ထောပတ်ကို ထည့်မွှေပေးပါ။ ဒါဆိုလျှင် အလှဆင်ဖို့ ခရင်မ်ရပါပြီ။

   လုပ်နည်းအဆင့်ဆင့်

၁။      မုန့်ဖုတ်မည့်ဗန်းကို ထောပတ်သုတ်လိမ်းပြီး ဆီစိမ်စက္ကူခင်းထားပါ။

၂။      ဂျုံနဲ့ ပွဆေးကို ဆန်ခါချထားပါ။

၃။      ကြက်ဥနဲ့ သကြားကို ဖြူပြီး ပွလာအောင် စက်ဖြင့် ခေါက်ပေးပါ။ Ribbon like stage ရောက်သည်အထိ ခေါက်ရပါမည်။

၎။      ပြီးမှ ဂျုံ+ ပွဆေး +ကိုကိုးမှုန့် (ဆန်ခါချပြီးသား)ကို အသာအယာ ရောမွှေပေးပါ။

၅။      နောက်ဆုံးမှ ဆီ + ဗနီလာကို ရောမွှေပြီး မုန့်နှစ် သုံးပုံတစ်ပုံဖြင့် ရောပေးပါ။

၆။      ရလာသော မုန့်နှစ်ကို ကျန်မုန့်နှစ်များထဲ ထည့်မွှေပါ။

၇။      ထို့နောက် ၁၇၀ ဒီဂရီ အပူပေးထားသော အာဗင်မှာ ၂၅ မိနစ် ဖုတ်ပါ။

၈။      မုန့်ကျက်မကျက်သိရန် မုန့်သားအလယ်တည့်တည့်ကို စူးတံသုံး၍ စမ်းပါ။

၉။      မုန့်လုံးဝကျက်လျှင် ဗန်းမှထုတ်ကာ အအေးခံပြီး ၂ လွှာရအောင် ရေပြင်ညီအတိုင်းလှီးပါ။

၁၀။    ချောကလက်အရက်ကို မုန့်သားမှာ စိမ့်သွားအောင် ဖျန်းပေးပါ။ (မရှိလျှင် မထည့်လည်း ရပါတယ်)

၁၁။    ထို့နောက် အသင့်ပြင်ထားသော Ganache ကိုထည့်ပေးပြီး မျက်နှာပြင်ညှိကာ နောက်မုန့် တစ်လွှာကို ပြန်ထပ်ပေးပါ။ ချောကလက်အရက် ထပ်ဖျန်းပါ။

၁၂။    ရလာသောမုန့်ကို အတုံးလေးများတုံးပြီး ပုံပါအတိုင်း အလှဆင်ပါ။

၁၃။    ချောကလက်အရသာအပြည့် မုန့်လေးများ အသင့်ဖြစ်ပါပြီ။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Vol 6, No 9, September, 2017 လထုတ် Food Magazine

Facebook Comments