Chicken Casserole

by Evy’s Kitchen for Food Magazine

          Baked Rice  ကို ကြိုက်ကြရင် ဒီဟင်းပွဲကိုလည်း နှစ်သက်မှာ အသေအချာပါ။ Cheese မပါတာကြောင့် Baked Rice လောက်တော့ မအီပါဘူး။ ကြက်သားကလည်း အင်မတန်မှ နူးညံ့ပြီး စားလို့ အရသာရှိပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်ရင်ပုံ  –  ၁ ခု

အရိုးထုတ်ထားသော ကြက်ပေါင်  –  ၁ ခု

မှို  –  အနည်းငယ် (ခပ်ကြီးကြီး လှီးထားပါ)

ဂျုံ  –  အနည်းငယ်

ထောပတ်  –  စားပွဲဇွန်း ၁ ဇွန်း

ဆော့စ်အတွက်

ကြက်ပြုတ်ရည်  –  ၃၀ဝ မီလီလီတာ

ခရင်မ်  –  ခွက် တစ်ဝက်

နွားနို့  –  ခွက် တစ်ဝက်

Corn Flour  –  စားပွဲဇွန်း ၁ ၁/၂ ဇွန်း

ကြက်သွန်နီဥကြီး  –  ၁ ဥ (နုပ်နုပ်စဉ်းပါ)

ဆား

ငရုတ်ကောင်း

ထောပတ်  –  စားပွဲဇွန်း ၂ ဇွန်းခန့်

ပြုလုပ်နည်း

၁။       ကြက်သားကို အတုံးငယ်များတုံးပြီး ဆား၊ ငရုတ်ကောင်းဖြူးကာ နာရီဝက်ခန့် နှပ်ထားပါ။

၂။       ဆီအနည်းငယ်ကို အပူပေးပြီး ထောပတ်ကို ထည့်ပါ။

၃။       ထောပတ်ပူလျှင် ကြက်သားများကို ဂျုံလူးပြီး ကြော်ပါ။ ၂ မိနစ်ခန့်ကြော်ပြီး ဆယ်ယူထားကာ အပူခံဗန်းထဲ ထည့်ပါ။

၎။       ကြက်သွန်နီနှင့် မှိုများကိုလည်း နွမ်းသွားအောင် တည်ပါ။ နောက်ကြက်သားပေါ်မှ လောင်းချထားပါ။

၅။       ဆော့စ်အတွက် ထောပတ်ပျော်အောင် အပူပေးပြီး Corn Flour ထည့်မွှေပါ။

၆။       ကြက်ပြုတ်ရည်၊ ခရင်မ်နှင့် နွားနို့်များ ထည့်ပါ။

၇။       ဆား၊ ငရုတ်ကောင်းထည့်ပြီး ဆူပျစ်လာအောင် တည်ပါ။

၈။       ကြက်သား၊  မှိုထည့်ထားသော  ဗန်းထဲလောင်း ထည့်ပြီး ၁၉၀ ဒီဂရီ  အပူပေးထားသော အာဗင်မှာ ၄၅ မိနစ် ဖုတ်ပေးပါ။

၉။       အရသာရှိတဲ့ ကြက်သားမှို အဆိမ့်ဟင်းကို ထမင်းနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။

Facebook Comments