Cherry Macchiato

kzp_2

kzp_3

kzp_4

kzp_5

            ဒီလအတွက် ဖန်တီးမယ့်ကော်ဖီလေးကတော့ Macchiato အမျိုးအစားကို အခြေခံထားပြီး ချယ်ရီသီးအနံ့အရသာနဲ့ ရောစပ်ထားပါတယ်။ Coffee Macchiato ကတော့ Espresso ကော်ဖီကို အခြေခံထားပြီး အပေါ်ဆုံးမှ နွားနို့အမြှုပ်ညက်ညက်လေးကို တင်ထားရုံ ဖျော်ခြင်းနည်းပဲ ဖြစ်ပါတယ်။

            အီတလီနိုင်ငံမှ စတင်ခဲ့ပြီး နိုင်ငံနဲ့ ဒေသများအလိုက် နို့အမြှုပ်အနည်းအများ ရောစပ်ခြင်း ကွဲပြားကြပါတယ်။ အခုစာရေးသူ ဖန်တီးမှာကတော့ ဒီ Macchiato ကော်ဖီအပြင်းစားလေးကို အသီးအရသာနဲ့ ရောစပ်မှာဖြစ်တဲ့အတွက် များသောအားဖြင့် အစာစားပြီး အဆုံးသတ်အချိုပွဲနဲ့ တွဲဖက်စားသောက်ရင်လည်း သင့်တော်ပါတယ်။ အမည်လေးကတော့ Cherry Macchiato ပါ။

            ဒီ Drink လေးမှာတော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ Cherry သီးကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ Cherry Syrup နှင့်အတူ လတ်ဆတ်လှတဲ့ Espresso ကော်ဖီနဲ့ နွားနို့အမြှုပ်လေးများကိုသုံးပြီး အောက်ပါအတိုင်း အမြင်လှပအောင် အလွှာလိုက် အရစ်ဖော်လုပ်ဆောင်သွားပါမယ်။

Cherry Macchiato

►   ပါဝင်ပစ္စည်းများ

♦   Espresso   –   30 ml

♦   Milk   –   2 oz

♦   Cherry Syrup   –   15 to 30 ml

►   ပြုလုပ်ပုံအဆင့်ဆင့်

၁။        ရှေးဦးစွာ Cherry Syrup ကို မိမိနှစ်သက်ရာ အချိုအနံ့ အရသာအလျောက် ဖန်ခွက်ထဲသို့ လောင်းထည့်ပါ။

၂။        နွားနို့အမြှုပ်လေးများကို ညက်ညောမှုရှိအောင် ကော်ဖီစက်တွင် အပူပေး အမြှုပ်ရိုက်ယူပါ။

၃။        နွားနို့အမြှုပ်များကိုသာ ခတ်၍ လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့် ထည့်ပါ။

၎။        ကော်ဖီစက်မှ လတ်လတ်ဆက်ဆက် Espresso ကော်ဖီကို မှန်ကန်စွာချယူပါ။

၅။        အပေါ်ဆုံးမှ ဇွန်းခံပြီး Espresso ကော်ဖီကို ဖြည်းဖြည်းချင်း လျှော့ချ၍ လောင်းထည့်လိုက်ပါ။

♦   Ko Zaw Phone   ♦

Head of Element Coffee Academy (ECA) Training Center

facebook.com/element Myanmar

facebook.com/Element Coffee Academy

၁ဝ၇ (က)၊ ဓမ္မစေတီလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။

Ph: 01-524935

Facebook Comments