Cherry Almond Cupcake (ချယ်ရီနှင့် အာမန်ကပ်ကိတ်)

by Dexter’s Bistro for Food Magazine

          ချစ်စရာပုံစံလေးနဲ့ ကိုယ်ချစ်တဲ့သူ၊ ကိုယ်စွဲလမ်းနေတဲ့သူ၊ ကိုယ်တိတ်တခိုးချစ်နေရသူကို ဒီလိုကပ်ကိတ်မျိုးလုပ်ပြီး လက်ဆောင်ပေးလိုက်ရင် သူတို့ရဲ့နှလုံးအိမ်မှာ သင်ဟာ ပဟေဠိလေးလို ပုစ္ဆာတစ်ခု ဖြစ်လာမှာ အမှန်ပဲ။ အချစ်ရဲ့သင်္ကေတလားပေါ့။ Valentine Day မှာ အချစ်ကို လုပ်ကျွေးပေါ့။

လိုအပ်သောပစ္စည်းများ

ကြက်ဥအလုံးကြီး  –  ၂ လုံး (အခန်းအပူချိန်)

သကြားဖြူရိုးရိုး  –  ၁ ခွက်

ဟင်းရွက်ဆီ  –  ၁/၂ ခွက်

ဗနီလာအနံ့ရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Almond Extract  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း (အာမန်အနံ့ရည်)

ဂျုံမှုန့်ရိုးရိုး  –  ၂  ၁/၄ ခွက်

ဘေကင်ပေါင်ဒါပွဆေး  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

Maraschino Cherries  –  ၁ ပုလင်း (၈ အောင်စ) (အရည်ကို ဖယ်ထားပါ)

Maraschino Cherries အရည်  –  ၁/၂ ခွက်

(ခွက်တစ်ဝက်မရခဲ့လျှင် ရေရောပြီး ခွက်တစ်ဝက်အထိ လုပ်ယူပါ)

ပြုလုပ်နည်း

၁။       အိုးတစ်အိုးမှာ ကြက်ဥနဲ့သကြားဖြူကို ရောနှောပြီး လျှပ်စစ်လက်မွှေတံနဲ့ အရောအနှောကို အရောင်ဖျော့ပြီး ပွလာသည်အထိ ၄ မိနစ်ကြာ မွှေပေးပါ။

၂။       ဟင်းရွက်ဆီ၊ ဗနီလာအနံ့ရည်နဲ့ Almond အနံ့ရည်ကို ရောထည့်ပြီး သမအောင် မွှေပေးပါ။

၃။       နောက်အိုးတစ်အိုးမှာ ဂျုံမှုန့်နဲ့ ဘေကင်ပေါင်ဒါပွဆေးကို ရောနှောပြီး သမအောင် မွှေပေးပါ။

၎။       ချယ်ရီသီး ၁၂ လုံးကို သီးသန့်ဖယ်ထားပြီး ကျန်ချယ်ရီသီးကို အတုံးသေး လှီးထားပါ။

၅။       ဂျုံမှုန့်အရောအနှောကို ကြက်ဥအရောအနှောထဲ ချယ်ရီသီးအရည်နဲ့အတူ ရောနှောပြီး သမအောင် မွှေပေးပါ။ (မှတ်ချက် – Over Mix မလုပ်ရပါ။)

၆။       အတုံးသေးလှီးထားတဲ့ ချယ်ရီသီးကို မုန့်နှစ်ရည်ထဲ ရောထည့်ပြီး ဇွန်းအကြီးတစ်ချောင်းနဲ့ သမအောင် မွှေပေးပါ။ (မှတ်ချက် – Hand Mixer မသုံးပါနဲ့။)

၇။       မုန့်နှစ်ရည်ကို ကပ်ကိတ်စက္ကူခွက်ခင်းထားတဲ့ ကပ်ကိတ် Pan ထဲ ၁၂ ခွက် အညီအမျှ လောင်းထည့်ပေးပြီး ချယ်ရီသီး ၁ လုံးစီကို မုန့်ခွက်တွေရဲ့ အလယ်မှာ ထည့်ပေးပါ။

၈။       အာဗင်ကို 350˚F (180˚C) ချိန်ပြီး ကြိုအပူပေးပြီးလျှင် မုန့်ဗန်းကို ၁၇ မိနစ်ခန့် ဖုတ်ပေးပါ။

၉။       တုတ်တံချောင်းနဲ့ မုန့်သားရဲ့အလယ်ကို ထိုးစိုက်ကြည့်ပြီး အထုတ်မှာ မုန့်သားကပ်မပါလာလျှင် မုန့်ဗန်းကို အာဗင်ကထုတ်ကာ အအေးခံပြီး အဆင်သင့်သုံးဆောင်နိုင်ပါပြီ။

www.facebook.com/Dexter Ng

Facebook Comments