Cheesy Fuff Pastry

Cheesy Fuff Pastry

          ချိစ် ၂ မျိုးသုံးထားတဲ့ စက် Pastry လုပ်နည်းပါ။ ခရင်မ်ချိစ်နဲ့ သကြားရောထားတဲ့ ချိုဆိမ့်တဲ့ အရသာအပြင် Chedder Cheese ပါထည့်ထားတာကြောင့် ချို၊ ငန်၊ ဆိမ့် အရသာကို ရစေပါတယ်။ မြန်ကောင်းသက်သာတဲ့ မုန့်လုပ်နည်းပါပဲ။

   ပါဝင်ပစ္စည်းများ

♦   ၈ လက်မပတ်လည် Ready Made Puff Pastry    –   ၁ ချပ်

♦   ခရင်မ်ချိစ် ၇၀ ဂရမ် + icing sugar    –   စားပွဲဇွန်း ၁ ဇွန်းခွဲ

♦   Chedder Cheese ခြစ်ထားပြီးသား   –   အနည်းငယ်

   (မိမိအကြိုက်ကိုလိုက်ကာ အနည်းအများလိုတိုးပိုလျော့ထည့်ပါ)

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      Puff Pastry ၁ ချပ်ကို၁၂ ပိုင်းရအောင်ပိုင်းထားပါ။

၂။      ပထမဦးစွာပိုင်းထားသော ၁ ပိုင်းကိုယူကာခရင်မ်ချိစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ဖြန့်ခင်းပါ။

၃။      Chedder Cheese လည်းဖြူးကာ ဒုတိယတစ်ပိုင်းကိုတင်ပါ။

၎။      ထိုအပိုင်းပေါ်တွင်လည်း ပထမအပိုင်းအတိုင်းချိစ်များဖြူးကာ နောက်ဆုံးတစ်ပိုင်းကို ထပ်တင်ပါ။

၅။      ကျန်အပိုင်းများကိုလည်းထိုနည်းအတိုင်းလုပ်ပါ။

၆။      စုစုပေါင်း ၄ခုထွက်ပါတယ်။ ထို့နောက်ကြက်ဥရည်သုတ်လိမ်းကာ ၁၉၀ ဒီဂရီ အပူပေးထားသော Oven တွင် မိနစ် ၂၀ ခန့်ဖုတ်ပေးပါ။

၇။      အေးရင်သုံးဆောင်နိုင်ပါပြီ။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments