Cheese Cookies

by Evy’s Kitchen for Food Magazine

          ဒီတစ်ခါတော့ Parmesan Cheese  အမှုန့်ကို ထည့်ပြီး လုပ်ထားတဲ့ ကွတ်ကီးပါ။ အရင် ကွတ်ကီး လုပ်နည်းတွေလိုပဲ လုပ်ရတာ လွယ်ကူသလို စားလို့လည်း အရသာ ရှိပါတယ်။

ပါဝင်ပစ္စည်းများ

ဂျုံ  –  ၁၂၀ ဂရမ်

ထောပတ်  –  ၁၄၀ ဂရမ်

ပေါင်ဒါသကြား (Icing Sugar)  –  ၆၅ ဂရမ်

ပြောင်းကော်မှုန့် (Corn Flour)  –  ၃၀ ဂရမ်

Parmesan Cheese Powder  –  ၃၀ ဂရမ်

ကြက်ဥ  –  ၁ လုံး

Vanilla အနံ့  –  အနည်းငယ်

လုပ်နည်း

၁။       ဦးဆုံး ဂျုံမှုန့်၊ ပြောင်းဖူးမှုန့်ကို ဆန်ခါချထားပါ။

၂။       သကြားနဲ့ ထောပတ်ကို ပွလာအောင် ခေါက်ပါ။ (ထောပတ်က အခန်းအပူချိန် ဖြစ်ရပါမယ်။)

၃။       ကြက်ဥနဲ့ Vanilla ကိုထည့်ပြီး ၁ မိနစ်ခန့် ဆက်၍ မွှေပေးပါ။

၎။       နောက်ဆုံးမှ ဂျုံအရောကို ထည့်မွှေပါ။ ချိစ်အမှုန့်ကိုလည်း ထည့်မွှေပါ။

၅။       သမသွားလျှင် လိုချင်သည့်ပုံလေးများဖော်ပြီး  (မအိကတော့ Star Tip ကို သုံးပြီး အခွေလေးတွေ ပုံဖော်ပါတယ်။) ၁၆၀ ဒီဂရီ  Oven မှာ ၁၅ မိနစ်ခန့် ဖုတ်ပေးပါ။ အအေးခံပြီးလျှင် စားလို့ရပါပြီ။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments