Cheddar Cheese Soft Buns

Cheddar Cheese Soft Buns

            နူးညံ့တဲ့ နို့ပေါင်မုန့်ကို မရောနိစ်၊ ထည့်မဖုတ်ထားတဲ့ ဃ့နိမေ ခ့နနျန နဲ့တွဲဖက်ထားတာကြောင့် ဆိမ့်ပြီး စားကောင်းလှပါတယ်။

►   ပါဝင်ပစ္စည်းများ

အစု (၁)

♦   ပေါင်မုန့်ဂျုံ   –   ၂၃ဝ ဂရမ်

♦   Yeast   –   ၅ ဂရမ်

♦   ရေ   –   ၁၇ဝ မီလီလီတာ

အစု (၂)

♦   ကြက်ဥ   –   ၂ဝ ဂရမ် (ခေါက်ပြီးသား)

♦   သကြား   –   ၆ဝ ဂရမ်

♦   ဆား   –   ပါရုံမျှ

♦   ရေအေး   –   ၂၅ ဂရမ်

♦   Yeast   –   ၂.၅ ဂရမ်

အစု (၃)

♦   ထောပတ်   –   ၃ဝ ဂရမ် (အခန်းအပူချိန်)

♦   ပေါင်မုန့်ဂျုံ   –   ၁ဝဝ ဂရမ်

►   ပြုလုပ်နည်း

၁။        ပထမဆုံး အစု (၁)ကို ရောမွှေပြီး ၁ နာရီခွဲ ထားပေးပါ။

၂။        ၁ နာရီခွဲအပြီးမှ အစု (၂) ကို ရောမွှေကာ သမအောင်မွှေပါ။ ပြီးမှ အစု (၃) မှ-ဂျုံ ကို ရောထည့်ပြီး ၇ မိနစ်လောက်မွှေပါ။

၃။        နောက်ဆုံးမှထောပတ်ကိုပါထည့်ပြီး ဂျုံသားချောမွတ်အောင် နယ်ပေးပါ။ (၂ဝ ကနေ ၂၅ မိနစ်လောက် နယ်ရပါမယ်)

၎။        ၁ဝ မိနစ်လောက် ဂျုံသားကို ဒီတိုင်းထားပေးပါ။

၅။        နောက် ၉ ပိုင်း အညီအမျှဖြတ်ပြီး တစ်ပိုင်းစီကို အလုံးလေးများပုံသွင်းပြီး ပွလာအောင် မိနစ် ၄ဝ ထားပေးပါ။

၆။        နောက် ကြက်ဥရည်ကို Brush လေးနဲ့ သုတ်ပေးကာ ၁၇ဝ ဒီဂရီအာဗင်မှာ ၁၈ မိနစ်ခန့် ဖုတ်ပေးပါ။

၇။        ရလာတဲ့ ပေါင်မုန့်ကို အအေးခံထားပါ။

၈။        ပေါင်မုန့်တွေအေးသွားပြီဆိုရင် ပေါင်မုန့်အလယ်ပိုင်းကို ပုံပါအတိုင်း ဓားနဲ့လှီးပေးပါ။

၉။        နောက် မရောနိစ်ခပ်များများကိုလှီးထားတဲ့ အရောထဲကို ထည့်ပေးပြီး ပေါင်မုန့်ပေါ်ကို ပါသုတ်လိမ်းပေးပါ။

၁ဝ။      Cheddar cheese ကို နှစ်သက်သလောက် ခပ်များများဖြူးကာ သုံးဆောင်နိုင်ပါပြီ။

http://www.evyfoodlover.com/ and www.facebook.com/Evy’s Kitchen

Facebook Comments