Carrot Charger

pyone

pyone

pyone

 

ဗီတာမင်ပေါကြွယ်ဝစွာပါတဲ့ Drinks လေးပါပဲ။
မုန်လာဥနီ၊ လိမ္မော်သီးရယ်နဲ့ ပူစီနံရွက်တို့ကို
အချိုးချပါဝင်ရောစပ်ထားတာမို့ သူ့မှာပါဝင်တဲ့
အကျိုးအာနိသင်ကတော့ သိတဲ့အတိုင်း အများကြီးပါပဲ။
လိမ္မော်သီးတွေလှိုင်လှိုင်ပေါတဲ့ ရာသီမှာ Juice
ကောင်းကောင်းဖျော်သောက်ချင်ရင်တော့
လက်ဝင်ပေမယ့် တကယ်သောက်လို့ကောင်းတဲ့ Mocktail လေးပါ။

ပါဝင်ပစ္စည်းတွေကတော့
…………………………….
• Carrot (မုန်လာဥနီ) – 2 pcs
• Orange (လိမ္မော်သီး) – 1 pcs
• Mint Leaves (ပူစီနံ) – 5-6 spring ( အရွက်ခြွေပြီး )
• Sugar Syrup (သကြားရည်) – 10 ml

ပြုလုပ်နည်း
………………
မုန်လာဥနီတစ်လုံးကို အခွံခွာစရာမလိုဘဲ ရေစင်စင်ဆေးပါ။
ပြီးလျှင် Garnish အတွက် Slice လေးလှီးပြီးတာနဲ့
အစိတ်စိတ်လေးတွေတုံးပြီး Juicer လို အရည်ကြီးပဲညှစ်လို့ရပြီး
အဖတ်တွေဖယ်လို့ရတဲ့စက် ရှိရင်ရှိ မရှိရင် Blender ထဲ
ရေနည်းနည်းထည့်ကြိတ်ကာ အဖတ်တွေမကြိုက်ရင်
ဆန်ခါနဲ့စစ်လိုက်လို့ရပါတယ်။
အကယ်လို့ မုန်လာဥနီကို အသားတွေပါကြိုက်တယ်ဆိုရင်တော့
လိမ္မော်သီးနဲ့ ပူစီနံရွက်နဲ့ သကြားနည်းနည်းပါထည့်ကာ
တစ်ခါတည်းရောဖျော်လိုက်လို့ရပါတယ်။
လိမ္မော်သီးကိုတော့ အစေ့တွေမပါအောင် ဂရုစိုက်ပါမယ်။
လိမ္မော်သီးအစေ့တွေက ခါးတတ်လို့ပါ။ ရေခဲကိုတော့ နှစ်တုံးလောက်ပဲထည့်ပါ။
ရေခဲမထည့်လည်း သောက်လို့ကောင်းပါတယ်။
ပြီးလျှင် ဖန်ခွက်ထဲပြောင်းထည့်ကာ Garnish အတွက်
ပုံမှာပြထားတဲ့အတိုင်း မုန်လာဥနီလေးနဲ့ ပူစီနံရွက်လေးချိတ်ပြီးရင်တော့
အားပြန်ဖြည့်ပေးနိုင်တဲ့ Carrot Charger Mocktail တစ်ခွက်ကို ရပါပြီနော်။

Facebook Comments